SJ WorldNews - шаблон joomla Авто

တရုတ်က အမေရိကန် သွင်းကုန် များအပေါ် ထပ်ဆောင်း အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံမည်

Wednesday, 15 May 2019 09:34 font size decrease font size decrease font size increase font size increase font size

ဇွန် ၁ ရက်မှစ၍ တရုတ်နိုင်ငံ အတွင်းသို့ တင်သွင်းလာမည့် အမေရိကန် ကုန်ပစ္စည်း များအပေါ် ထပ်ဆောင်း အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း တရုတ်အစိုးရက မေ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

တရုတ်အစိုးရသည် အမေရိကန် ဒေါ်လာဘီလီယံ ၆ဝ တန်ဖိုးရှိ အမေရိကန်သွင်းကုန် များအပေါ် ထပ်ဆောင်းအခွန်များ ချမှတ်ထားပြီး ဖြစ်သည်။ ယခုအခါ အမေရိကန်၏အချို့ သွင်းကုန်များအပေါ် ထပ်ဆောင်း အခွန်နှုန်းထား ၂၅ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်းနှင့် ၁ဝ ရာခိုင်နှုန်းစီ အသီးသီး တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အခွန်စည်းကြပ်မှု ကော်မရှင်က ထုတ်ပြန်ထားသည်။

အမေရိကန် အစိုးရက ဒေါ်လာဘီလီယံ ၂ဝဝ တန်ဖိုးရှိသည့် တရုတ်သွင်းကုန်များကို မေ ၁ဝ ရက်မှစ၍ ထပ်ဆောင်းအခွန် ၁ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံ လိုက်ပြီးနောက် တရုတ်အစိုးရက ယခုကဲ့သို့ လက်တုံ့ပြန်ခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန် အစိုးရ၏ လုပ်ဆောင်ချက်သည် နှစ်နိုင်ငံကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် ရရှိထားသည့် သဘောတူညီချက်များကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ကုန်သွယ်ရေး စစ်ပွဲကို ပိုမိုတင်းမာစေကြောင်းနှင့် နှစ်နိုင်ငံ အကျိုးစီးပွား သာမက ကမ္ဘာ့နိုင်ငံများ၏ မျှော်လင့်ချက်ကိုလည်း ပျက်စီးစေကြောင်း အခွန်စည်းကြပ်မှု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: Xinhua

Read 37 times Last modified on Wednesday, 15 May 2019 09:35