SJ WorldNews - шаблон joomla Авто

အမေရိကန်က အရှေ့အလယ်ပိုင်းသို့ စစ်သည် ၁၂ဝဝဝဝ စေလွှတ်ရန် ပြင်ဆင်

Wednesday, 15 May 2019 09:35 font size decrease font size decrease font size increase font size increase font size

အမေရိကန် အစိုးရအနေဖြင့် အီရန်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် အရှေ့အလယ်ပိုင်း ဒေသသို့ စစ်သည် ၁၂ဝဝဝဝ ကို စေလွှတ်ရန် ပြင်ဆင်နေကြောင်း New York Times သတင်းဌာနက ဖော်ပြထားသည်။

အီရန်အစိုးရသည် နျူကလီးယားလက်နက်များ ထုတ်လုပ်မှုကို တိုးမြှင့်ရန် သို့မဟုတ် အမေရိကန်တပ်ဖွဲ့ များအပေါ် တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည့်အတွက် အမေရိကန်ဘက်က ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူများက ပြောသည်။

အမေရိကန် အစိုးရ၏ နိုင်ငံတော်လုံခြုံရေး အကြံပေးဂျွန်ဘော်တန် ဦးဆောင်သောအဖွဲ့က ထိုကဲ့သို့စစ်သည်များ စေလွှတ်ရန်အတွက် သုံးသပ်မှုကို လုပ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း၊

သို့သော် ဤမျှများပြားသည့် စစ်သည်များကို အရှေ့အလယ်ပိုင်း ဒေသ၌ ပြန်လည်ဖြန့်ကြက်ရန် သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်မည် ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်များကို ကိုးကား၍ သတင်းဌာနက ဖော်ပြထားသည်။

ယခုစေလွှတ်မည့် စစ်သည်အရေအတွက်သည် အလွန်များပြားနေပြီး အမေရိကန်က အီရတ်သို့ ကျူးကျော် စစ်ဆင်နွှဲသည့် ၂ဝဝ၃ခုနှစ်တွင် စေလွှတ်သော စစ်သည်အရေအတွက်နှင့် တူညီကြောင်း သိရသည်။

အီရန်စစ်ဘက်သည် ဒေသတွင်းရှိ အမေရိကန် တပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု အမေရိကန်ဘက်က စွပ်စွဲကာ ပင်လယ်ကွေ့ဒေသသို့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်ကို ဖြန့်ကြက်ပြီး ချိန်မှစ၍ ထိုနှစ်နိုင်ငံအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။ အမေရိကန်သည် လေယာဉ်တင် သဘောင်္ တိုက်ခိုက်ရေးအုပ် အပြင် ဗုံးကြဲလေယာဉ်များ၊ ဒုံးကျည်ကာကွယ်ရေး စနစ်များကိုလည်း ဒေသတွင်းရှိ မဟာမိတ် နိုင်ငံများ၌ ဖြန့်ကြက်ထားပြီး ဖြစ်ကြောင်း သိရသည်။

Ref: Sputnik

Read 40 times Last modified on Wednesday, 15 May 2019 09:35