SJ WorldNews - шаблон joomla Авто

နျူကလီးယား သဘောတူစာချုပ်ပါ အချက်အလက် အချို့ကို အီရန်က လိုက်နာမှု ရပ်ဆိုင်း

Thursday, 16 May 2019 13:00 font size decrease font size decrease font size increase font size increase font size

အီရန်နှင့်ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား ၂ဝ၁၅ ခုနှစ်တွင်   လက်မှတ်ထိုးထားသည့် နျူကလီးယား သဘောတူစာချုပ်ပါ အချက်အလက် အချို့ကို အီရန်က လိုက်နာမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ISNA သတင်းဌာနက မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။

အီရန်၏ နိုင်ငံတော်လုံခြုံရေး ကောင်စီက အမိန့်ထုတ်ပြန်ပြီးနောက်  နျူကလီးယား သဘောတူစာချုပ် အချက်အလက်အချို့ကို အီရန်အစိုးရက လိုက်နာနေမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ထိုသို့လိုက်နာမှု ရပ်ဆိုင်းမည့် အကြောင်းကို အီရန်အစိုးရက တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန် အစိုးရတို့ထံသို့ ပြီးခဲ့သည့် သီတင်းပတ်တွင် အသိပေး အကြောင်းကြားထားသည်။

အဆိုပါစာချုပ်မှ  အမေရိကန်အစိုးရက ပြီးခဲ့သည့်နှစ်တွင် နုတ်ထွက်ကာ အီရန်အပေါ် တင်းကျပ်သည့် ပိတ်ဆို့မှုများ ချမှတ်ပြီးနောက် အီရန်က ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

၂ဝ၁၅ ခုနှစ်  နျူကလီးယား သဘောတူစာချုပ်အရ အီရန်အနေဖြင့် အရည်အသွေးနိမ့် ယူရေနီယံ သတ္တုများကို ကီလိုဂရမ် ၃ဝဝ အထိသာ ထုတ်လုပ်ရမည်ဖြစ်ပြီး ရေလေးနှင့် အခြားသိုလှောင်ထားနိုင်သည့် သတ္တုများကို  တန် ၁၃ဝ အထိသာ ထုတ်လုပ်နိုင်သည်။

သို့ရာတွင် ယခုအချိန်မှစ၍ အီရန်အနေဖြင့် သန့်စင်ပြီး   ယူရေနီယံနှင့် ရေလေးများကို    အကန့်အသတ်မရှိ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း   အီရန်အရာရှိတစ်ဦးက ပြောသည်။

အီရန်၏ လုပ်ဆောင်ချက်သည် နျူကလီးယား သဘောတူစာချုပ်ကို   ချိုးဖောက်ပုံ မရှိသော်လည်း ကမ္ဘာ့အင်အားကြီး နိုင်ငံများက ယင်းနိုင်ငံ၏ အကျိုးစီးပွားအပေါ် အမေရိကန်၏ ပိတ်ဆို့မှုကို ရက်ပေါင်း ၆ဝ အတွင်း အကာအကွယ်ပေးခြင်း မရှိပါက   ၎င်းတို့အနေဖြင့်   ယူရေနီယံသန့်စင်မှုကို   တိုးမြှင့် လုပ်ဆောင်မည်ဟု  သတိပေးထားပြီး ဖြစ်သည်။

Read 46 times Last modified on Thursday, 16 May 2019 13:01