SJ WorldNews - шаблон joomla Авто

ဆော်ဒီ၏ ရေနံတင်သင်္ဘောများနှင့် ပိုက်လိုင်းများကို တိုက်ခိုက်မှုက ကမ္ဘာ့ဈေးကွက်ကို ထိခိုက်စေလိုခြင်း ဖြစ်ဟုဆို

Thursday, 16 May 2019 13:04 font size decrease font size decrease font size increase font size increase font size

ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံတင်သင်္ဘော နှစ်စင်းနှင့် အဓိကရေနံပိုက်လိုင်း တစ်ခုတို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုသည် နိုင်ငံ၏ လုံခြုံရေးကိုသာမက  ကမ္ဘာ့ရေနံ ဈေးကွက်ကိုပါ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဆော်ဒီအစိုးရက မေ ၁၅ ရက်တွင် ပြောသည်။

အီရန်၏ မဟာမိတ်ဖြစ်သော ယီမင်သူပုန်များ၏ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများကြောင့် ဆော်ဒီနိုင်ငံ၏ အဓိကရေနံ ပိုက်လိုင်းများအနက် တစ်ခုကို မေ ၁၄ ရက်တွင် ပိတ်လိုက်ရသည်။ ထို့ပြင် မေ ၁၂ ရက်တွင် ပင်လယ်ကွေ့ဒေသ အပြင်ဘက်၌ သင်္ဘောလေးစင်း တိုက်ခိုက်ခံရပြီး ၎င်းတို့အနက် နှစ်စင်းမှာ ဆော်ဒီ၏ရေနံတင် သင်္ဘောများဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများသည် အကြမ်းဖက်လုပ်ရပ်နှင့် အဖျက်အမှောင့် လုပ်ရပ်ဖြစ်သည့် အပြင် နိုင်ငံ၏ လုံခြုံရေးအပြင် ကမ္ဘာ့စီးပွားရေးကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု သတ်မှတ်ကြောင်း ဆော်ဒီအစိုးရအဖွဲ့က ထုတ်ပြန် ထားသည်။

မေ ၁၄ ရက်တွင်ဖြစ်ပွားသော ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း  ဆော်ဒီနိုင်ငံ၏ အရှေ့-အနောက် ရေနံပိုက်လိုင်းရှိ ရေနံတွန်း စက်ရုံနှစ်ရုံကို ထိမှန်ကြောင်း သိရသည်။ အဆိုပါရေနံပိုက်လိုင်းသည် တစ်ရက်လျှင် ရေနံစိမ်းစည် ငါးသန်းကို သယ်ဆောင်ပေးပြီး ဟော်မုရေလက်ကြားကို အပိတ်ခံရပါက ဆော်ဒီ၏ ရေနံတင်ပို့မှုကို ဆက်လက် လုပ်ဆောင်စေနိုင်မည့် မဟာဗျူဟာမြောက် ပိုက်လိုင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကို ဟူသီသူပုန်များက ၎င်းတို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဝန်ခံထားသည်။

Read 19 times Last modified on Thursday, 16 May 2019 13:05