SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှားက အမေရိကန် ဒေါ်လာဘီလီယံ ၄ဝဝ တန်ဖိုးရှိ စီမံကိန်းတစ်ခုကို ဖော်ဆောင်ရန် အဆိုပြု

Friday, 17 May 2019 12:24 font size decrease font size decrease font size increase font size increase font size

ဂျကာတာ၊ စီးပွားရေး

အင်ဒိုနီးရှားအစိုးရသည်  အမေရိကန် ဒေါ်လာဘီလီယံ ၄ဝဝ တန်ဖိုးရှိ  အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်း တစ်ခုကို ဖော်ဆောင်ရန် အဆိုပြုထားကြောင်း အင်ဒိုနီးရှား စီမံကိန်းဝန်ကြီးက ပြောသည်။

ထိုစီမံကိန်းတွင်   လေဆိပ် ၂၅ ခုနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်များတည်ဆောက်ရေးအပါအဝင် အခြားအစီ အစဉ်များ ပါဝင်သည်။

၂ဝ၂ဝ ပြည့်နှစ်မှ ၂ဝ၂၄ ခုနှစ်အထိ စီမံကိန်းအတွက် ရူပီယာ ၅၉၅၇ ထရီလီယံကို ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး   ရင်းနှီးမြှုပ် နှံမှု စုစုပေါင်း၏ ၄ဝ ရာခိုင်နှုန်းကို အစိုးရက တိုက်ရိုက်ထောက်ပံ့ပေးမည်ဖြစ်သည်။ ၂၅ ရာခိုင်နှုန်းကိုမူ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများက ထည့်ဝင်မည်ဖြစ်ကာ ကျန် ၅၅ ရာခိုင်နှုန်းကို ပုဂ္ဂလိက ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း စီမံကိန်း ဝန်ကြီး ဘန်းဘန်ဘရော့ ဂျိုနီဂရိုက်က တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောသည်။

ရင်းနှီးမြှုပ်နှံမှု၏ ၆ဝ ရာခိုင်နှုန်းမှာ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်စပ်သော အခြေခံ အဆောက်အအုံ တည်ဆောက်ရေး

အတွက်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည်  အခြေခံ အဆောက်အအုံ အသုံးပြုခြင်းမှ တစ်ဆင့်   နိုင်ငံ့စီးပွားရေး တိုးတက် စေရန် လုပ်ဆောင်မည့် သမ္မတ ဂျိုကိုဝီဒိုဒို၏ မဟာဗျူဟာကို အကောင်အထည်ဖော် မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးသည် ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းခန့်သာ တိုးတက်မှုရှိသည့် အတွက် လာမည့်နှစ်တွင် ၅ ဒသမ ၃ သို့မဟုတ် ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာစေရန် အစိုးရကမျှော်မှန်းထားသည်။

Ref: Bloomberg

Read 34 times Last modified on Friday, 17 May 2019 12:36