SJ WorldNews - шаблон joomla Авто

နိုက်ဂျာနိုင်ငံ၌ ရေလွှမ်းမိုးမှုကြောင့် လူပေါင်းသိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်

Wednesday, 20 September 2017 09:06 font size decrease font size decrease font size increase font size increase font size

နိုက်ဂျာနိုင်ငံ၌ ဇွန်လမှစတင်သော မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး လူ ၅၆ ဦးထက်မနည်းသေဆုံးကာ လူ ၁၈၅ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော ယင်းနိုင်ငံ၌ နေအိမ်အများစုကို မြေကြီးသို့မဟုတ် ရွှံ့ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ရေကြီးမှုကြောင့် နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ နိုက်ဂျာနိုင်ငံသားများ အနေဖြင့် ဘိလပ်မြေဖြင့် ဆောက်လုပ်ထားေ သာ နေအိမ်များကို မတတ်နိုင်သည့်အတွက် မိုးရာသီတိုင်း အန္တရာယ်များသောဒုက္ခနှင့် တွေ့ကြုံနေရကြောင်း ဒေသတွင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ အာဖရိကရှိ ဆာဟာရဒေသ၌ ရာသီဥတု ပြောင်းလဲမှုသည် လေထုက အစိုဓာတ်ကို ပိုမိုထိန်းထားနိုင်သော ပူနွေးသည့် အခြေအနေများကို ဖန်တီးနေသည့်အတွက် မိုးရွာသွန်းမှု ပမာဏလည်း မကြာခဏ တိုးမြင့်နေကြောင်း နိုက်ဂျာ မိုးလေဝသဌာနရုံးမှ အကြီးအကဲ ကာတယ်လူလာဝမ်ဂတ်တီအာက ပြောသည်။ ထို့ပြင် နိအမ်မေမြို့တော် အနောက်မြောက်ဘက်ရှိ ဂါဘာဂူရာကျေးရွာမှာ မကြာသေးမီက ဖြစ်ပွားသော ရေလွှမ်းမိုးမှုဒဏ်ကို အ ဆိုးဝါးဆုံး ခံစားရသော ဒေသများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

Read 381 times Last modified on Wednesday, 20 September 2017 09:07