SJ WorldNews - шаблон joomla Авто

ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂ၏ လုပ်ဆောင်မှုများကို ဝေဖန်

Wednesday, 20 September 2017 09:07 font size decrease font size decrease font size increase font size increase font size

ကုလသမဂ္ဂအနေဖြင့် အချိန်ပြောင်းလဲ လာသည်နှင့်အမျှ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများနှင့် အမြဲတမ်းအဖွဲ့ဝင် မဟုတ် သော နိုင်ငံများကို တိုးမြှင့်ထားရှိသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပြီး ၎င်း၏ပြုပြင် ပြောင်းလဲရေးဆိုင်ရာ သဘောထားကို အိန္ဒိယ အစိုးရက ထောက် ခံကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက်တွင်ကျင်းပသော ကုလသမဂ္ဂ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ထရမ့်က အဖွဲ့အ စည်း၏ တိုးတက်ပြောင်းလဲလာမှုများကို အမြဲလေ့လာ စောင့်ကြည့်ခဲ့ကြောင်း၊ အဖွဲ့အစည်းအနေဖြင့် ရှုပ်ထွေးပြီး အရာမရောက်သော စည်းကမ်းများနှင့် နည်းလမ်းများကို ရပ်တန့် သင့်ကြောင်း သတိပေးပြောဆိုသည်။ ထို့ပြင် ထရမ့်က ကုလသမဂ္ဂ အဖွဲ့အစည်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး အဖွဲ့အစည်းအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တောင်းဆိုထားသည်။ ကုလသမဂ္ဂ အဖွဲ့အစည်းအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုပြင်ပြောင်းလဲ မှု များကို လုပ်ဆောင် သင့်သည်ဟု အကြံပြုစကား ပြောဆိုထားကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ရာပက်ကူမာက သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များအားပြောသည်။ ကုလသမဂ္ဂ၏ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲများ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဦးဆောင်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဆူရှာမာဆာဝါဂျေလည်း တက်ရောက်သည်ဟု သိရသည်။

ထရမ့်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်ကိုလည်း ထောက်ခံခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့အစည်း အင်အားကြီးမား လာစေရန်အတွက် ပူးပေါင်းပါဝင်မှုများ ပြုလုပ်ရန် နိုင်ငံ ပေါင်း ၁၃ဝ အား တောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး ဝန်ကြီး ဆာရရာဆန်ဒါက သတင်းထောက်များအား ပြောသည်။

Read 394 times Last modified on Wednesday, 20 September 2017 09:12