SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ထိုင်ဝမ်ရေလက်ကြားမှ အမေရိကန်စစ်သင်္ဘောနှစ်စင်းဖြတ်သန်း

Friday, 24 May 2019 17:07 font size decrease font size decrease font size increase font size increase font size

အမေရိကန်ရေတပ်မှ Preble ဖျက်သင်္ဘောနှင့် Walter S.Diehl ရေနံဆီ တင်ယာဉ်တို့သည် မေ ၂၂ ရက်တွင် ထိုင်ဝမ် ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်ကြောင်း အမေရိကန်စစ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Reuters သတင်းဌာနသို့ ပြောသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်သော အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေးတင်းမာနေစဉ် ယင်းကိစ္စကြောင့် တရုတ်အစိုးရကို ပိုမိုစိတ်ဆိုးဒေါသထွက်စေသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ခိုင်မာသော စစ်ရေးတည်ဆောက်မှုကို တိုးမြှင့်နေပြီး အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများအပြင် နှစ်နိုင်ငံအကြား သဘောထားတင်းမာရသည့် အကြောင်းရင်းများတွင် တရုတ်(တိုင်ပေ) အရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားမှ အမေရိကန် စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းဝင်ရောက်ခြင်းသည် တရုတ်နှင့် တရုတ်(တိုင်ပေ) အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေစဉ် အမေရိကန်အစိုးရက တရုတ်(တိုင်ပေ)အား ထောက်ခံသည့် လက္ခဏာတစ်ရပ် ဖြစ်ကြောင်း သုံးသပ်ထားသည်။

ထိုင်ဝမ်ရေလက်ကြားမှ အမေရိကန်စစ်သင်္ဘော နှစ်စင်းဖြတ်သန်း ဝင်ရောက်ခြင်းမှာ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှု ရှိသော အင်ဒို-ပစိဖိတ် သဘောတူစာချုပ်ပါ ကတိကဝတ်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း အမေရိကန်ရေတပ်မှ ဗိုလ်ချုပ်ကြီး ကလေးဒေါ့ကပြောသည်။

သို့သော် အမေရိကန်စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းသွားစဉ် ပုံမှန်မဟုတ်သော အကြောင်းအရာတစ်စုံတစ်ရာမျှ မဖြစ်ပေါ်ခဲ့သည့်အတွက် စိတ်ပူပန်စရာ မလိုကြောင်း တရုတ်(တိုင်ပေ) သမ္မတဆိုင်ယင်းဝမ်က ပြောသည်။

တရုတ်(တိုင်ပေ) အရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ဆတ်ဆတ်ထိမခံသော ကိစ္စရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူကန့်က ပြောသည်။

Ref: Reuters

Read 51 times Last modified on Friday, 24 May 2019 17:07