SJ WorldNews - шаблон joomla Авто

ထရီဆာမေ ရာထူးမှ နုတ်ထွက်မည့် ကိစ္စကို မေ ၂၄ ရက်တွင် ကြေညာဖွယ်ရှိ

Friday, 24 May 2019 17:07 font size decrease font size decrease font size increase font size increase font size

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် ရာထူးမှနုတ်ထွက်မည့် ကိစ္စကို မေ ၂၄ ရက်တွင် ကြေညာဖွယ်ရှိကြောင်း The Times သတင်းဌာနက ဖော်ပြသည်။

ထရီဆာမေသည် ၎င်း၏နေရာတွင် တာဝန်ထမ်းဆောင်မည့်သူကို ရွေးချယ်ပြီးသည်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်ရာတွင် အဆင့်နှစ်ဆင့်ဖြင့် ရွေးချယ်သွားမည် ဖြစ်ပြီး နောက်ဆုံးကိုယ်စားလှယ်လောင်း နှစ်ဦးကို အဖွဲ့ဝင် ၁၂၅ဝဝဝ ပါဝင်သော ကွန်ဆာဗေးတစ်ပါတီက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်မည် ဖြစ်ကြောင်း The Times သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ အန်ဒရီယာလိဆွမ်သည် မေ ၂၂ ရက် ညနေပိုင်းတွင် ရာထူးမှ နုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်ထရီဆာမေ အစိုးရအဖွဲ့မှ နောက်ထပ်ဝန်ကြီးများလည်း နုတ်ထွက်မည် ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခြင်းနှင့် Brexit သဘောတူစာချုပ် ကိစ္စများနှင့် ပတ်သက်၍ ထရီဆာမေသည် လွှတ်တော်အတွင်း ဝေဖန်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရပြီး          ၎င်း၏ နိုင်ငံရေး သမားဘဝသည် အမည်းစက်များဖြင့် အဆုံးသတ်ရတော့မည် ဖြစ်သည်။

ထရီဆာမေသည် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည့် ကိစ္စနှင့်ပတ်သက်၍လည်း ဝရုန်းသုန်းကား အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ မတ် ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည့်ရက်ကို နောက်ဆုတ်၍ အချိန်ထပ်တိုးပေးရန် ထရီဆာမေက ဥရောပသမဂ္ဂကို တောင်းဆိုခဲ့ရသည်။ Ref: Reuters, AFP

Read 34 times Last modified on Friday, 24 May 2019 17:09