SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အိန္ဒိယရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီ အနိုင်ရ

Friday, 24 May 2019 17:12 font size decrease font size decrease font size increase font size increase font size

အိန္ဒိယရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ်နာရန်ဒရာမိုဒီ အနိုင်ရရှိပြီးနောက် ၎င်း၏အာဏာရ BJP ပါတီက လူငယ်များ၏ အနာဂတ် သေချာစေရေးအတွက် အကောင်းမွန်ဆုံး ဆောင်ရွက်ပေးမည်ဟု ကတိပြုပြောဆိုသည်။

ဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ BJP ပါတီသည် အိန္ဒိယအောက်လွှတ်တော်၏ အမတ်နေရာ ၅၄၃ နေရာတွင် ၃ဝဝ နီးပါး အနိုင်ရရှိသဖြင့် ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲရလဒ်ထက်ကျော်လွန်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ မဲရေတွက်မှု အချက်အလက်များအရ သိရသည်။

ပြည်သူများနှင့်အတူ စီးပွားရေးအောင်မြင် ဖွံ့ဖြိုးတိုးတက်အောင် အတူတကွကြိုးပမ်းဆောင်ရွက်ရန် BJP ပါတီက ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာပြီးနောက် မိုဒီက ပြောသည်။

မိုဒီ၏မဟာမိတ်နှင့် BJP ပါတီဥက္ကဋ္ဌ အေမစ်ရှက်က ရွေးကောက်ပွဲရလဒ်ကို ကြေညာပြီး ၎င်းတို့ပါတီ၏ အောင်မြင်မှုသည် အိန္ဒိယနိုင်ငံသားများအတွက် ဖြစ်ကြောင်းပြောသည်။

ထို့ပြင် ရွေးကောက်ပွဲရလဒ်သည် အတိုက်အခံပါတီများ၏ အခြေအမြစ် မရှိသော နိုင်ငံရေး၊ လူမှုရေးတိုက်ခိုက်မှု၊ လိမ်လည်မှုနှင့် ဝါဒဖြန့်မှုများအတွက် ဆုံးဖြတ်ချက် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ Ref: AFP

Read 55 times Last modified on Friday, 24 May 2019 17:12