SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ အဆောက်အအုံ မီးလောင်မှု သေဆုံးသူ ၂ဝ အထိမြင့်တက်

Sunday, 26 May 2019 15:02 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံ   ဂူဂျာရတ်ပြည်နယ်၌ အဆောက်အအုံမီးလောင်မှုအတွင်း သေဆုံးသူအယောက် ၂ဝ အထိမြင့် တက်လာပြီး မီးလောင်မှုနှင့် ပတ်သက်၍   လူသုံးဦးကို ဖမ်းဆီးထားကြောင်း အိန္ဒိယရဲတပ်ဖွဲ့က မေ ၂၅ ရက်တွင်ပြောသည်။

အဆိုပါ အမျိုးသားသုံးဦးအနက် တစ်ဦးကို တရားစွဲဆိုမှုပြု၊ မပြု မသိရသေးကြောင်း ဆူရတ်မြို့ရှိ ရဲတပ်ဖွဲ့ မဟာမင်းကြီး ဆာတစ်ရှားမာက သတင်းထောက်များကို ပြောသည်။

မီးလောင်မှုကြောင့် ဆူရတ်ပြည်နယ်ရှိ စာသင်ကျောင်းများ၊ ကောလိပ်ကျောင်းများ၊ သင်တန်းခန်းမများနှင့် စီးပွားရေး အဆောက်အအုံများ၌ မီးဘေးကာကွယ်ရေး လုပ်ဆောင်ရန် ဂူဂျာရတ်ပြည်နယ် အစိုးရက အမိန့်ချထားသည်။

ကနဦးစုံစမ်း စစ်ဆေးမှုများအရ အဆိုပါ မီးလောင်ကျွမ်းမှုသည် တက်ရှာရှီလာအာကိတ် အဆောက်အအုံ၏   လှေကားထစ်၌ လျှပ်စစ် ဝါယာရှော့ဖြစ်ရာမှ စတင်ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမတော်တဆမှုကို  မျက်မြင်တွေ့ရှိသူများနှင့် သေဆုံးသူ၏မိသားစုဝင်များက မီးလောင်မှုဖြစ်နေစဉ် နောက်ကျမှ ရောက်လာသည့် မီးသတ်တာဝန်ရှိသူများကို အပြစ်တင်ထားသည်။

ရဲတပ်ဖွဲ့က အဆိုပါကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုထားခြင်း မရှိကြောင်း သိရသည်။

Ref: Reuters

Read 26 times Last modified on Sunday, 26 May 2019 15:02