SJ WorldNews - шаблон joomla Авто

အမေရိကန်က အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁၅ဝဝ ကိုတိုးမြှင့် ဖြန့်ကြက်

Sunday, 26 May 2019 15:02 font size decrease font size decrease font size increase font size increase font size

အီရန်နိုင်ငံမှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက်   အရှေ့အလယ်ပိုင်းဒေသ၌ တပ်ဖွဲ့ဝင် ၁၅ဝဝ ကိုထပ်မံတိုးမြှင့်ဖြန့်ကြက်ကြောင်း   အမေရိကန်က   ပြောသည်။

အမေရိကန်၏ ယင်းအပြုအမူသည် နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကြောင်း အီရန်က မေ ၂၅ ရက်တွင် ရှုတ်ချပြောဆိုသည်။

အရှေ့အလယ်ပိုင်း ဒေသ၌ အမေရိကန်စစ်သည်အင်အား ပိုမိုများပြားလာခြင်းသည် အလွန်အန္တရာယ်များကြောင်း၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို  ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်ကြောင်း   အီရန်နိုင်ငံခြားရေး ဝန်ကြီးမိုဟာမက်ဂျာဗက်ဇာရစ်က IRNA  သတင်းဌာနသို့ ပြောသည်။

အရှေ့အလယ်ပိုင်း၌ စစ်သည်အင်အား တိုးမြှင့်ဖြန့်ကြက်ခြင်းသည်  အီရန်ဘက်မှ ပြုလုပ်လာနိုင်သော ခြိမ်းခြောက်မှုများကို ရည်မှန်းပြီး  တုံ့ပြန်လိုက်ခြင်းဖြစ်သည်ဟု ခေတ္တကာကွယ်ရေးဝန်ကြီး  ပက်ထရစ်ရှာနာဟန်က မေ ၂၄ ရက်တွင်ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ထိုကဲ့သို့ စစ်သည်အင်အား တိုးမြှင့်ဖြန့်ကြက်ခြင်းသည် ကာကွယ်မှုတစ်ခုသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးသွားရန် ပြင်ဆင်နေချိန်တွင် သတင်းထောက်များကို ပြောသည်။

Ref: CAN

Read 31 times Last modified on Sunday, 26 May 2019 15:03