SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အမေရိကန်၌ လာရောက် ရင်းနှီးမြှုပ်နှံရန် ဂျပန်စီးပွားရေး သမားများကို ထရမ့်တိုက်တွန်း

Sunday, 26 May 2019 15:08 font size decrease font size decrease font size increase font size increase font size

နှစ်နိုင်ငံကုန်သွယ်ရေးတွင် ညီမျှမှုရှိစေရန် စေ့စပ်ညှိနှိုင်းသူများက ကြိုးပမ်းဆောင် ရွက်နေကြောင်း၊ ဂျပန်သည် ကုန်သွယ်ရေးကဏ္ဍတွင် အခြားနိုင်ငံများထက် နှာတစ်ဖျား ပိုသာသောကြောင့် အမေရိကန်နိုင်ငံ၌ လာ ရောက်ရင်းနှီးမြှုပ်နှံ စေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်စီးပွားရေးသမားများကို မေ ၂၅ ရက်တွင် တိုက်တွန်းသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပွားနေသော်လည်း  ဆက်ဆံရေး ခိုင်မာမှုကို ပြသသည့်အနေဖြင့်  ထရမ့်က မေ ၂၄ ရက်တွင် ဂျပန်နိုင်ငံသို့ အလည် အပတ်ရောက်ရှိသည်။

ထရမ့်က ဂျပန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး မညီမျှမှုများကို ဆွေးနွေးမည် ဖြစ်ကာ  မျှတပြီး အပြန်အလှန် သဘောရှိသော ကုန်သွယ်မှု ဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်မည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။

ဂျပန်ဝန်ကြီးချုပ်  ရှင်ဇိုအာဘေးသည် ထရမ့်၏ အလည်အပတ်ခရီးစဉ်အတွင်း ဆူမိုတံခွန်စိုက် ပြိုင်ပွဲကိုလည်း အတူတကွ တက်ရောက်အားပေးရန် စီစဉ်ထားသည်။

အမေရိကန်သည် ဂျပန်နိုင်ငံမှ မော်တော် ယာဉ်တင်သွင်းမှုအပေါ် ထပ်ဆောင်းအခွန် ကောက်ရန်စီစဉ်ထားပြီး ဂျပန်အစိုးရကမူ ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံထိပ်သီး ဆွေးနွေးပွဲတွင်   အလေးပေးဆွေးနွေးရန် ရည်ရွယ်ထား သည်။

ထရမ့်နှင့် ရှင်ဇိုအာဘေးတို့သည် မေ ၂၇ရက်တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲ၌ ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်သော်လည်း ကုန်သွယ်ရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်ဖွယ် မရှိကြောင်း တာဝန်ရှိသူများက ခန့်မှန်းပြောဆိုထားသည်။ Ref: Reuters

Read 53 times Last modified on Sunday, 26 May 2019 15:08