SJ WorldNews - шаблон joomla Авто

ပါကစ္စတန်ရှိကျေးရွာတစ်ရွာ၌ လူ ၆ဝဝ ကျော် HIV ရောဂါကူးစက် ခံရသည်ကို စစ်ဆေးတွေ့ရှိ

Monday, 27 May 2019 09:49 font size decrease font size decrease font size increase font size increase font size

ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာတစ်ရွာ၌ လူ ၆ဝဝ ကျော် HIV ရောဂါ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ပါကစ္စတန်အစိုးရက မေ ၂၆ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

ရာတိုဒီရိုကျေးရွာနှင့် လာခါနာခရိုင်ရှိ ကျေးရွာများ၌ ဆရာဝန်တစ်ဦးက အသုံးပြုပြီးသား ဆေးထိုးအပ်တစ်ချောင်းကို အကြိမ်ကြိမ် အသုံးပြုသည့်အတွက် လူရာပေါင်းများစွာမှာ အဆိုပါ ရောဂါကူးစက်ခံရပြီးနောက် ထပ်မံကူးစက် လာနိုင်သည့် အန္တရာယ်ရှိနေသည်။

မေ ၂၅ ရက်အထိ ရာတိုဒီရိုကျေးရွာ၌ ကျန်းမာရေး စစ်ဆေးရာတွင် HIV ရောဂါကူးစက်ခံရသူ ၆၈၁ ဦးရှိပြီး ၎င်းတို့အနက် ၅၃၇ ဦးမှာ အသက်နှစ်နှစ်မှ ၁၂ နှစ်ရှိ ကလေးငယ်များ ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ အထူးအကြံပေး ဇာဖာမာဇာက အစ္စလာမ်မာဘတ်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ရာတိုဒီရိုကျေးရွာ၌ ဒေသခံ ၂၁၃၇၅ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ HIV ရောဂါ ကူးစက်ခံရသည့်လူဦးရေ ပိုမိုတိုးပွားလာမည်ကို အစိုးရက စိုးရိမ်ပူပန်နေရကြောင်း ၎င်းကပြောသည်။

HIV ရောဂါကူးစက် ပျံ့နှံ့ရခြင်းမှာ စိတ်မချရသော ဆေးထိုးအပ်ကို အသုံးပြုခြင်းကြောင့် ဖြစ်နိုင်ကြောင်း ယူဆထားသော်လည်း အစိုးရက တိကျသေချာသည့် အကြောင်းရင်းကို တွေ့ရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဒေသသည် ကျေးလက်ဒေသ ဖြစ်သဖြင့် ဒေသခံများက HIV ရောဂါအကြောင်းကို အနည်းငယ်သာ နားလည်ခြင်းနှင့် ကုသရန် ခက်ခဲခြင်း တို့ကြောင့် ဒေသခံမိဘများက ကလေးငယ်များ၏ အနာဂတ်အတွက် စိုးရိမ်ပူပန်လျက်ရှိသည်။ Ref:The Straits Times

Read 107 times Last modified on Monday, 27 May 2019 09:50