SJ WorldNews - шаблон joomla Авто

ကင်ဂျုံအွန်အနေဖြင့် ကတိတည်မည်ဟု ထရမ့်ယုံကြည်

Monday, 27 May 2019 09:50 font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကို မစိုးရိမ်ကြောင်းနှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် အနေဖြင့် ပေးထားသည့် ကတိကို တည်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၂၆ ရက်တွင် ပြောသည်။

ထရမ့်သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်တို့ကြောင့် ထွက်ပေါ်လာသည့် စိုးရိမ်မှုများနှင့် စပ်လျဉ်း၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဆွေးနွေးမည် ဖြစ်သည်။ မကြာသေးမီက လုပ်ဆောင်သည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု အမေရိကန် အစိုးရအဖွဲ့မှ နိုင်ငံတော်လုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က ပြောပြီးနောက် ထရမ့်က ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

မြောက်ကိုရီးယား အစိုးရသည် ယခင်က စမ်းသပ်ခြင်း မပြုရသေးသည့် အသေးစား ဒုံးကျည်တစ်စင်းကို ယခုလအစောပိုင်းတွင် စမ်းသပ်ပစ်ခတ်သည်။ ထိုဒုံးကျည်သည် အရွယ်အစား သေးငယ်ပြီး အလွန်လျင်မြန်သောကြောင့် ဒုံးကျည်ကို ဖုံးကွယ်ခြင်း၊ ပစ်ခတ်ခြင်းနှင့် လေထဲတွင် ပျံသန်းမှုတို့ လုပ်ဆောင်ရာတွင် လွယ်ကူနိုင်သည်ဟု ဒုံးကျည်ကျွမ်းကျင်သူများက ယူဆထားသည်။

Ref: Reuters

Read 46 times Last modified on Monday, 27 May 2019 09:50