SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မွန်ဂျေးအင်ကို တရားစွဲဆိုဖြုတ်ချရန် တောင်းဆိုသူ နှစ်သိန်းကျော်ရှိလာ

Tuesday, 28 May 2019 10:12 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်ကို တရားစွဲဆို ဖြုတ်ချရန် တောင်းဆိုသူ အရေအတွက်သည် မေ ၂၇ ရက်တွင် ၂၁၇ဝဝဝ ကျော်သွားပြီ ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် ယင်းကိစ္စကို တုံ့ပြန်ရတော့မည် ဖြစ်သည့်အပြင် မွန်ဂျေးအင်အပေါ် ပြည်သူလူထု၏ ထောက်ခံမှု ကျဆင်းလာခြင်းကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

အမျိုးသားရေးဆန္ဒနှင့် ဆန့်ကျင်သည့် လုပ်ရပ်များ ပြုလုပ်နေသော သမ္မတကို တရားစွဲဆိုဖြုတ်ချရန် တောင်းဆိုခြင်းသည် ပြဿနာမရှိဟု ယူဆကြောင်း အွန်လိုင်းမှ အသနားခံစာပို့သူတစ်ဦးက ပြောသည်။ ထိုသူသည် နိုင်ငံရေးမကောင်း သတင်းထွက်မှုဖြင့် ရာထူးမှဖြုတ်ချခံရသူ သမ္မတဟောင်း ပါ့ဂွမ်ဟေးကို ၂ဝ၁၇ ခုနှစ်တွင် ဆန့်ကျင်ဆန္ဒပြရာ၌လည်း ပါဝင်သူဖြစ်သည်။

သမ္မတမွန်ဂျေးအင်သည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်ထုတ်လုပ်မှု၊ လူ့အခွင့်အရေးပြဿနာများနှင့် တရားမဝင် ကျောက်မီးသွေးတင်ပို့မှုတို့ကို မျက်ကွယ်ပြုသည့်အပြင် ထိုနိုင်ငံ၌ နျူကလီးယား လက်နက်များ ရှိနေချိန်တွင်လည်း အစောင့်တပ်ဖွဲ့အင်အားကို လျှော့ချကြောင်း အသနားခံစာ ရေးသူတစ်ဦးက ပြောသည်။

တောင်ကိုရီးယား သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ အသနားခံစာ တင်သွင်းသူ အရေအတွက်အပေါ် မှတ်ချက်ပြုပြောဆိုခြင်း မရှိသော်လည်း အစိုးအရ အဖွဲ့အနေဖြင့် ယင်းကိစ္စကို ဖြေရှင်းရမည်ဟု ၎င်းအနေဖြင့် နားလည်ကြောင်း ပြောသည်။

မွန်ဂျေးအင်သည် သမ္မတဟောင်းများနှင့် နှိုင်းယှဉ်လျှင် လူထုထောက်ခံမှုကို အများဆုံး ရရှိသော်လည်း ၂ဝ၁၈ ခုနှစ်မှစ၍ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ကျဆင်းလာခြင်း၊ မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများကို အချိန်ဆွဲထားခြင်း တို့ကြောင့် ၄အပေါ် လူထုထောက်ခံမှု ကျဆင်းလာကြောင်း သိရသည်။

Ref: Reuters

Read 63 times Last modified on Tuesday, 28 May 2019 10:13