SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တိုကျိုမြို့၌ လူအုပ်အတွင်း ဓားထိုးမှု ဖြစ်ပွား

Wednesday, 29 May 2019 09:28 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဘတ်စကားမှတ်တိုင်တစ်ခု၌ မေ ၂၈ ရက်တွင် လူအုပ်အတွင်း ဓားထိုးမှု ဖြစ်ပွားရာ လူနှစ်ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာရသွားကြောင်း အာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ NHK သတင်းဌာနက ဖော်ပြသည်။

တိုက်ခိုက်မှုသည် တိုကျိုမြို့တောင်ပိုင်း ကာဝါဆာကီမြို့၌ ဖြစ်ပွားခြင်းဖြစ်ပြီး အသက် ၆ နှစ်မှ ၁၂ နှစ်ကြားရှိ ကျောင်းသူများက ကျောင်းကားအပေါ်သို့ တက်စဉ် အမျိုးသားတစ်ဦးက ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများမှာ အသက် ၁၂ နှစ်ရှိ ကျောင်းသူတစ်ဦးနှင့် အသက် ၃၉ နှစ်ရှိ အမျိုးသားတစ်ဦးတို့ ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း ကျောင်းသူ ၁၅ ဦးနှင့် အခြားအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီး အမျိုးသမီး၏ ဒဏ်ရာမှာ ပြင်းထန်ကြောင်း သိရသည်။

ဓားဖြင့်တိုက်ခိုက်သူ အမျိုးသားသည် ကိုယ့်လည်ပင်းကို ဓားဖြင့်ထိုးပြီး အဆုံးစီရင်စဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရသော်လည်း နောက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

Ref: The Straits Times

Read 53 times Last modified on Wednesday, 29 May 2019 09:59