Print this page

ရုရှားက အာတိတ်ဒေသသို့ ပထမဆုံးခရီးသည်တင် ရထားပြေးဆွဲမည်

Wednesday, 29 May 2019 09:59 font size decrease font size decrease font size increase font size increase font size

ရုရှားအစိုးရသည် အာတိတ်ဒေသသို့ ပထမဆုံးခရီးသည်တင် ရထားပြေးဆွဲရန် စီစဉ်နေကြောင်း ရုရှားအရှေ့ဖျားပိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ဌာန(FEIE)က ပြောသည်။

အဆိုပါ ပထမဆုံး မီးရထားခရီးစဉ်တွင် ကမ္ဘာလှည့်ခရီးသည်အယောက် ၉ဝ ကျော် လိုက်ပါမည် ဖြစ်ပြီး ဇွန် ၅ ရက်တွင် စိန့်ပီတာစဘာ့မြို့မှ စတင်ထွက်ခွာမည် ဖြစ်သည်။ ထို့နောက် အာတိတ်ဒေသအပြင် နော်ဝေနိုင်ငံအထိ ပြေးဆွဲမည် ဖြစ်ကြောင်းနှင့် ခရီးစဉ်မှာ ၁၁ ရက်ကြာမည်ဖြစ်ကြောင်း FEIE ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုခရီးစဉ်ဖြင့် လိုက်ပါသည့် ခရီးသည်များသည် စိန့်ပီတာစဘာ့မြို့၏ နာမည်ကျော် အဖြူရောင်ညများကို ခံစားခွင့်ရမည် ဖြစ်သည့်အပြင် အံ့သြချီးမွမ်းဖွယ်ကောင်းသော နိုင်ငံမြောက်ပိုင်း ဒေသများနှင့် သမိုင်းဝင် အထိမ်းအမှတ် နေရာများသို့ လည်ပတ်ခွင့်ရမည် ဖြစ်သည်။

ယင်းခရီးစဉ်သည် ဇိမ်ရှိသော ခရီးစဉ်ဖြစ်စေရေး အာမခံကြောင်း၊ မီးရထားတွဲများတွင် ရေချိုးခန်းနှင့် သန့်စင်ခန်း ပါဝင်သည့် ဧည့်ခန်းများ ပါဝင်ကြောင်း FEIE ၏ ထုတ်ပြန်ချက်အရ သိရသည်။ Ref: Sputnik

Read 53 times Last modified on Wednesday, 29 May 2019 09:59