Print this page

သြစတြေးလျက ဆယ်စုနှစ်အတွင်း ပထမဆုံးအဖြစ် ရေပေးဝေမှုကို ကန့်သတ်မည်

Wednesday, 29 May 2019 09:59 font size decrease font size decrease font size increase font size increase font size

သြစတြေးလျအစိုးရသည် နိုင်ငံအတွင်း မိုးခေါင်ရေရှားမှုနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းများနှင့် နေအိမ်များသို့ ရေပေးဝေမှုကို ဆယ်စုနှစ်အတွင်း ပထမဆုံးအဖြစ် ကန့်သတ်မည်ဖြစ်ကြောင်း မေ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာ ထားသည်။

ဆစ်ဒနီမြို့ရှိ ဒေသများတွင် ၁၉၄ဝ ပြည့်နှစ်မှစ၍ အစိုးရ၏ ရေခွဲတမ်းကို အနည်းဆုံး ရရှိထားကြောင်းနှင့် အဆိုပါရေပေးဝေမှုကို ကန့်သတ်ခြင်းသည် လာမည့်ရက်သတ္တပတ် မှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း နယူးဆောက်ဝေး ပြည်နယ်အစိုးရက ပြောသည်။

ထို့ပြင် နယူးဆောက်ဝေး ပြည်နယ်သည်လည်း စံချိန်တင်မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်ကြုံတွေ့ရကြောင်း ရေအရင်းအမြစ်ဝန်ကြီး မီလင်ဒါပါဗွီက ပြောသည်။

ဆစ်ဒနီမြို့၌ ရေပေးဝေမှုကို ကန့်သတ်လိုက်ခြင်းကြောင့် နယူးဆောက်ဝေးပြည်နယ် တစ်ဝန်းရှိ အိမ်ထောင်စုများက ၎င်းတို့၏ ရေများကို ချွေတာသုံးစွဲရမည် ဖြစ်သည်။

ဆစ်ဒနီမြို့ရှိ ဒေသခံများသည် ၎င်းတို့၏ စိုက်ခင်းများကို ရေဖျန်းပြီး ပစ်ထားသည်ကို တွေ့ရှိပါက သာမန်လူများ အနေဖြင့် သြစတြေးလျဒေါ်လာ ၂၂ဝ ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်း များအနေဖြင့် ဒေါ်လာ ၅၅ဝ ကိုလည်းကောင်း ဒဏ်ငွေဆောင်ရမည် ဖြစ်သည်။ Ref: The Straits Times

Read 50 times Last modified on Wednesday, 29 May 2019 10:00