SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ထရမ့်က ဂျပန်စစ်ရေယာဉ်ကို ပထမဆုံး စစ်ဆေးကြည့်ရှုသည့် ပြည်ပခေါင်းဆောင် ဖြစ်လာ

Wednesday, 29 May 2019 10:02 font size decrease font size decrease font size increase font size increase font size

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၄၏ခရီးစဉ်အတွင်း ဂျပန်စစ်ရေယာဉ်တစ်စင်းကို မေ ၂၈ ရက်တွင် စစ်ဆေးကြည့်ရှုကြောင်း သိရသည်။ ထို့ကြောင့် ထရမ့်သည် ဂျပန်စစ်ရေယာဉ်ကို ပထမဆုံး စစ်ဆေးကြည့်ရှုသည့် ပြည်ပခေါင်းဆောင်ဖြစ်လာသည်။

ထရမ့်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ တိုကျိုမြို့တောင်ပိုင်း ယိုကိုဆူကာရေတပ် အခြေစိုက်စခန်းရှိ  Izumo အတန်းအစား JS Kaga ရဟတ်ယာဉ်တင်သင်္ဘောကို စစ်ဆေးကြည့်ရှုခြင်း ဖြစ်သည်။

စစ်လက်နက်အသစ်များ တပ်ဆင်ထားသည့် ထိုစစ်သင်္ဘောသည် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အပေါ် ကျရောက်လာမည့် ဒေသတွင်းနှင့် ဒေသပြင်ပမှခြိမ်းခြောက်မှုများကို ကာကွယ်ရာတွင် အထောက်အကူပြုမည် ဖြစ်ကြောင်း ထရမ့်က ပြောသည်။

အမေရိကန် တပ်ဖွဲ့ဝင်များက ဂျပန်နိုင်ငံနှင့်ပူးပေါင်းခြင်းအားဖြင့် ပင်လယ်ရေကြောင်း လွတ်လပ်မှုကို မြှင့်တင်နိုင်မည် ဖြစ်ပြီး စစ်သည်များ အသက်စွန့် ရယူပေးထားသည့် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ထရမ့်ကပြောသည်ဟု သိရသည်။ Ref: The Straits Times

Read 68 times Last modified on Wednesday, 29 May 2019 10:02