SJ WorldNews - шаблон joomla Авто

ကမ္ဘာမြစ်ရေပြင်များတွင် ပဋိဇီဝစွန့်ပစ်ပစ္စည်းများဖြင့် ညစ်ညမ်းနေ

Wednesday, 29 May 2019 10:02 font size decrease font size decrease font size increase font size increase font size

ကမ္ဘာတစ်ဝန်းရှိ မြစ်ရေပြင်များသည် ပဋိဇီဝစွန့်ပစ် ပစ္စည်းများဖြင့် ညစ်ညမ်းနေပြီ ဖြစ်သည်။ ထိုမြစ်ရေများတွင် ပါဝင်သည့် ပဋိဇီဝစွန့်ပစ်ပစ္စည်းပမာဏသည် သဘာဝပတ်ဝန်းကျင် ဘေးကင်းစိတ်ချရမှုရှိသည့် ပမာဏထက် အဆ ၃ဝဝ ကျော်ပိုမိုများပြားနေခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်များသည် နိုင်ငံပေါင်း ၇၂ နိုင်ငံမှ ရေနမူနာ ၇၁၁ ခုကို စမ်းသပ်စစ်ဆေးရာတွင် သုံးပုံနှစ်ပုံမှာ ပဋိဇီဝစွန့်ပစ်ပစ္စည်းတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ပါဝင်နေသည်ကို တွေ့ရသည်။ အဓိကအားဖြင့် လူများနှင့် မွေးမြူရေးတိရစ္ဆာန်များ၌ ဗက်တီးရီးယားကူးစက်မှုကို တိုက်ထုတ်ရာတွင် အသုံးပြုသော ဆေးဝါးများ စုပြုံနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း မေ ၂၇ ရက်တွင် ဟယ်ဆင်ကီမြို့၌ ကျင်းပသည့် ညီလာခံတစ်ခုတွင် သိပ္ပံပညာရှင်များက ပြောသည်။

အများဆုံး ပါဝင်သည့် ပဋိဇီဝစွန့်ပစ်ပစ္စည်းမှာ စိုက်ပရိုဖလိုဆာစင်းဖြစ်ပြီး နေရာ ၅၁ နေရာမှ တွေ့ရှိရသည်။ စိုက်ပရိုဖလိုဆာစင်းကိုအူနှင့် ဆီးလမ်းကြောင်းကူးစက်ရောဂါများ တိုက်ဖျက်ရာတွင် အဓိက အသုံးပြုခြင်းဖြစ်သည်။ နောက်ထပ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် ပဋိဇီဝစွန့်ပစ်ပစ္စည်းဖြစ်သော မက်ထရိုနီဒါဇိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရာတစ်ခုမှ ရေနမူနာတွင် တွေ့ရှိရပြီး ဘေးကင်းမှု ပမာဏထက် အဆ ၃ဝဝ ကျော်ပိုများကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ ထို့ပြင် အကိုက်အခဲပျောက်ဆေးများ၊ ပဋိဇီဝဆေးများ၊ သွေးကျဲဆေးများ၊ ဟော်မုန်းများ၊ စိတ်ရောဂါကုဆေးများသည်လည်း တောရိုင်းတိရစ္ဆာန်များအတွက် အန္တရာယ်ရှိသောပမာဏဖြင့် ပတ်ဝန်းကျင်တွင် တွေ့ရှိနေရသည်။

မြစ်ရေတွင် ဘေးကင်းစိတ်ချရမှု အဆင့်ထက်ကျော်လွန်သည့် ပဋိဇီဝစွန့်ပစ်ပစ္စည်းများ ပါဝင်မှု အများဆုံးဒေသများမှာ အာရှတိုက်နှင့် အာဖရိကတိုက်တို့ဖြစ်သည်။ သို့သော်ဥရောပတိုက်နှင့် အမေရိကတိုက်တို့မှ ရယူထားသည့် ရေနမူနာများတွင်လည်း ပဋိဇီဝစွန့်ပစ်ပစ္စည်းများ ပါဝင်သည်ကို တွေ့ရသည့်အတွက် ထိုကိစ္စမှာ တစ်ကမ္ဘာလုံးအတိုင်း အတာအနေဖြင့် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ပဋိဇီဝစွန့်ပစ်ပစ္စည်းဖြင့် မြစ်ရေညစ်ညမ်းမှု အများဆုံး ဖြစ်နေသည့် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ကင်ညာ၊ ဂါနာ၊ ပါကစ္စတန်နှင့် နိုင်ဂျီးရီးယားတို့ဖြစ်သည်။ လက်ရှိအခြေအနေအတိုင်းသာ ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက မြစ်ရေများအတွင်း ပဋိဇီဝစွန့်ပစ်ပစ္စည်းများ ဝင်ရောက်မှုသည် ၂ဝ၅ဝ ပြည့်နှစ်မတိုင်မီတွင် သုံးပုံနှစ်ပုံအထိ မြင့်တက်လာနိုင်သည်။

ထို့ကြောင့် ကမ္ဘာ့မြစ်ရေပြင်များတွင် ပဋိဇီဝစွန့်ပစ်ပစ္စည်းများဖြင့် ညစ်ညမ်းနေမှုက စိုးရိမ်ဖွယ် အခြေအနေဖြစ်လာပြီ ဖြစ်သည်။

ထိုသို့ညစ်ညမ်းမှုက တောရိုင်းတိရစ္ဆာန်များအပေါ် အကျိုးသက်ရောက်စေသည် သာမက အဏုဇီဝပိုးခုခံမှု အပေါ်ကိုပါ ဆိုးကျိုးသက်ရောက်စေနိုင်သည်။ ၁၉၂ဝ ပြည့်လွန်နှစ်များတွင် စတင်တွေ့ရှိသည့် ထိုပဋိဇီဝပစ္စည်းများကြောင့် လူသန်းပေါင်းများစွာမှာ အဆုတ်ရောင်ရောဂါ၊ အဆုတ်နာရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် အသက်သေစေနိုင်သည့် အခြားဗက်တီးရီးယား ပိုးကူးစက်မှုဖြစ်ပွားခြင်း တို့ကို ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ထက်မြတ်

Ref: The Straits Times

Read 58 times Last modified on Wednesday, 29 May 2019 10:03