SJ WorldNews - шаблон joomla Авто

မိုဒီက ရှီကျင့်ဖျင်နှင့် အလွတ်သဘောတွေ့ဆုံမည်

Thursday, 30 May 2019 10:16 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ နိုင်ငံရေး

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည်  တရုတ်သမ္မတရှီကျင့်ဖျင်ကို ယခုနှစ်အတွင်း အလွတ်သဘော လက်ခံတွေ့ဆုံ သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မေ ၂၉ ရက်တွင်ပြော သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည်  ပြီးခဲ့သည့်နှစ် ဧပြီလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌  ပထမဆုံးအလွတ် သဘော တွေ့ဆုံပြီးနောက်  ဒုတိယအကြိမ်တွေ့ဆုံပွဲအတွက်   မိုဒီ၏ဖိတ်ခေါ်မှုကို ရှီကျင့်ဖျင်ကလက်ခံခဲ့ကြောင်း သိရသည်။  ယခုတွေ့ဆုံပွဲကျင်းပမည့် အချိန် နှင့်နေရာကို   နှစ်နိုင်ငံတာဝန်ရှိသူများက သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆွေးနွေးပြီး သတ်မှတ်သွားမည်ဖြစ်ကြောင်း  အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

တရုတ်နိုင်ငံသည် အိန္ဒိယ၏ ရန်သူတော်ဖြစ်သည့် ပါကစ္စတန်နိုင်ငံ၏ မဟာမိတ်ဖြစ်သည့်အပြင် နှစ်နိုင်ငံကြား မကြာသေးမီက ဖြစ်ပွားသော  နယ်စပ်ပိုင်နက် အငြင်းပွားမှုကြောင့် တင်းမာမှုများ ရှိနေသည်။ ထိုတင်းမာ မှုများကို နှစ်နိုင်ငံခေါင်း ဆောင်များတွေ့ဆုံ ဆွေးနွေးခြင်းဖြင့် လျှော့ချရန်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။       

Ref: Reuters

Read 29 times Last modified on Thursday, 30 May 2019 10:16