SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

၂ဝ၁၈ ခုနှစ်တွင် ပြင်သစ်က ဆော်ဒီအာရေဗျသို့ လက်နက်ရောင်းချမှု ၅ဝ ရာခိုင်နှုန်းမြင့်တက်

Wednesday, 05 June 2019 10:28 font size decrease font size decrease font size increase font size increase font size

ပြင်သစ်အစိုးရသည် ယီမင်နိုင်ငံ၌ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ပေးရန် တောင်းဆိုထားသော်လည်း ၂ဝ၁၈ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်ရောင်းချမှုမှာ ၅ဝ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဇွန် ၄ ရက်တွင် ထုတ်ပြန်သောစစ်တမ်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ပြင်သစ်အစိုးရက ဥရောပမဟာမိတ်နိုင်ငံများသို့ လက်နက်ရောင်းချမှုမှာ ယူရို ၉ ဒသမ ၁ ဘီလီယံအထိ ၃ဝ ရာခိုင်နှုန်းမြင့်တက်ကြောင်း အစိုးရ၏ နှစ်စဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပြင်သစ်အစိုးရသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ကင်းလှည့်လှေများအပါအဝင် ယူရို ၁ ဘီလီယံတန်ဖိုးရှိ လက်နက်များ ရောင်းချခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်များ ရောင်းချခြင်းသည် နိုင်ငံတကာ ကတိကဝတ်များကို ဖောက်ဖျက်ခြင်း ဖြစ်ပြီး ယီမင်နိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခများကို ပိုမိုဆိုးရွားစေမည် ဖြစ်ကြောင်း၊ အာရပ်စော်ဘွားများ နိုင်ငံနှင့်ဆော်ဒီအာရေဗျ နိုင်ငံတို့သည် ပြင်သစ်နှင့်ပူးပေါင်း၍ ယီမင်နိုင်ငံ၌ တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားခြင်းကို ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပဲရစ်မြို့ အခြေစိုက် လက်နက်တပ်ဆင်မှု လေ့လာ စောင့်ကြည့်ရေးဌာနမှ တိုနီဖော်တင်က ပြောသည်။

ပြင်သစ်အစိုးရကမူ လက်နက်ရောင်းချမှုကို နိုင်ငံတကာ စာချုပ်စာတမ်း များနှင့်အညီ တင်းကျပ်သော လုပ်ထုံးလုပ်နည်းများအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ နိုင်ငံတို့နှင့် ကုန်သွယ်မှုကို ထိန်းသိမ်းထားနိုင်ခြင်းသည် နိုင်ငံ၏ လုံခြုံရေးနှင့် စွမ်းအင်ထောက်ပံ့မှု ကဏ္ဍကိုပါ ထိန်းသိမ်းထားရာ ရောက်ကြောင်းနှင့် နိုင်ငံအတွင်း အကြမ်းဖက် ဝါဒကိုခုခံထားခြင်း ဖြစ်သည့်အပြင် နိုင်ငံသားများအပေါ် ကာကွယ်ရာရောက်ကြောင်း ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလေးက ပြောသည်။

Ref: CNA

Read 151 times Last modified on Wednesday, 05 June 2019 10:29