SJ WorldNews - шаблон joomla Авто

ပလတ်စတစ်အိတ် သုံးသည့် ဆိုင်များကို ဂျပန်အစိုးရက တရားစွဲရန် စီစဉ်

Wednesday, 05 June 2019 10:31 font size decrease font size decrease font size increase font size increase font size

နိုင်ငံအတွင်း ပလတ်စတစ်အမှိုက်များ လျှော့ချရန်အတွက် ပလတ်စတစ်အိတ်များ သုံးစွဲသည့် ဈေးဝယ်စင်တာများနှင့် စတိုးဆိုင်များကို တရားစွဲမည့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ တင်သွင်းသည့် ဥပဒေကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဇွန် ၄ ရက်တွင် အတည်ပြု ထောက်ခံလိုက်ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် စတိုးဆိုင်များ၌ တစ်ခါသုံးပလတ်စတစ်သုံးစွဲမှု တားမြစ်သည့် ဥပဒေအသစ်ကို အဆိုပြုတင်ပြကြောင်းနှင့် ထိုဥပဒေသည် ကောင်းမွန်သောလမ်းကြောင်းကို ဦးတည်နေသည်ဟု အာဘေးက ပြောကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ဝန်ကြီးယိုရှီအာကီဟာရာဒါကပြောသည်။

ပလတ်စတစ်အမှိုက်များ၌ တစ်ခါသုံး ပလတ်စတစ်ပါဝင်မှု ပမာဏသည် မများသော်လည်း ထိုအမှိုက်များကို လျှော့ချမည့် ဂျပန်အစိုးရ၏ ကြိုးပမ်းမှုပြယုဂ်အဖြစ် တရားစွဲဆိုမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟာရာဒါက ပြောသည်။

ထိုသို့ တရားစွဲဆိုမှုသည် သုံးစွဲသူများကိုလည်း အဟန့်အတားဖြစ်စေမည် ဖြစ်ကြောင်းနှင့် လက်လီရောင်းချ သူများအနေဖြင့် ပလတ်စတစ် အိတ်တစ်အိတ်လျှင် ၁ဝ ယန်းပေးရမည် ဖြစ်ကာ ရရှိသော အခွန်ငွေများကို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်မှုများတွင် အသုံးပြုမည်ဖြစ်ကြောင်း ဟာရာဒါက ဆက်ပြောသည်။ ဂျပန်အစိုးရသည် ပလတ်စတစ် အမှိုက်များ လျှော့ချမည့် အဆိုပြု မူဝါဒကို ပြီးခဲ့သည့် သီတင်းပတ်တွင် သဘောတူထားကြောင်း သိရသည်။

Ref: Xinhua

Read 44 times Last modified on Wednesday, 05 June 2019 10:31