SJ WorldNews - шаблон joomla Авто

အမေရိကန်ရှိ တရုတ်နိုင်ငံသားများ ရဲတပ်ဖွဲ့၏ နှောင့်ယှက်မှုနှင့် ကြုံတွေ့ရနိုင်ဟုဆို

Wednesday, 05 June 2019 10:32 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံ အတွင်းရှိ တရုတ်ကုမ္ပဏီများနှင့် တရုတ်နိုင်ငံသား များအနေဖြင့် အမေရိကန် ရဲတပ်ဖွဲ့၏ နှောင့်ယှက်မှုနှင့် ကြုံတွေ့ရနိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားသည်ဟု နိုင်ငံပိုင်သတင်းဌာန တစ်ခုက ဇွန် ၄ ရက်တွင်ဖော်ပြသည်။

အမေရိကန်ရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများကို နှောင့်ယှက်ရန်အတွက် လူဝင်မှုနှင့်တွေ့ဆုံမေးမြန်းမှု အစရှိသောနည်းလမ်းများကို အကြိမ်ကြိမ် အသုံးပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

ထိုနိုင်ငံရှိ တရုတ်နိုင်ငံသားများနှင့် ၎င်းတို့တည်ထောင်ထားသော အဖွဲ့အစည်းများအနေဖြင့် သတိကြီးစွာ ထားရမည် ဖြစ်ကြောင်းနှင့် ကြိုတင်ကာကွယ်ရေး စီမံချက်များကို ပိုမိုပြုလုပ်ထားရမည် ဖြစ်ကြောင်း တရုတ်အစိုးရက သတိပေး တိုက်တွန်းထားသည်။

ထို့ပြင် အမေရိကန်သို့ သွားရောက်လည်ပတ်သော တရုတ်ခရီးသွားများ အနေဖြင့်လည်း ဓားပြမှု၊ ပစ်ခတ်မှု၊ အကြမ်းဖက်မှု ကဲ့သို့သော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရနိုင်သောကြောင့် ဘေးကင်းလုံခြုံရေးအတွက် သတိကြီးစွာ ထားရမည်ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သတိပေး တိုက်တွန်းထားသည်။

အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများအပြင် အခြားသဘောထားတင်းမာမှုများ ဖြစ်ပွားနေစဉ် ယခုကဲ့သို့ သတိပေးချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ၌ ပညာသင်ယူနေသည့် တရုတ်ကျောင်းသားများအနေဖြင့် ဗီဇာပယ်ချခံရမှု၊ နှောင့်နှေးမှုများ ဖြစ်ပေါ်လာမှုနှင့် ပတ်သက်၍ တရုတ်ပညာရေးဝန်ကြီးဌာနကလည်း သတိပေးထားကြောင်း သိရသည်။

နှစ်နိုင်ငံကုန်သွယ်ရေးပြဿနာကြောင့် အမေရိကန်၌ ပညာသင်ယူနေသည့် ကျောင်းသားများအတွက် ပညာရေးဆုံးခန်းတိုင်သည်အထိ သင်ယူရန် အခက်အခဲများ ရှိလာနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၏ သတိပေး

ချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။ Ref: CAN

Read 47 times Last modified on Wednesday, 05 June 2019 10:33