SJ WorldNews - шаблон joomla Авто

ဆီနာဘန်း မီးတောင်ပေါက်ကွဲမှု ထပ်ဖြစ်နိုင်

Tuesday, 11 June 2019 10:36 font size decrease font size decrease font size increase font size increase font size

ကာရို၊ သဘာဝဘေး

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်ရှိ  ဆီနာဘန်းမီးတောင်မှ  ပြာများမှုတ်ထုတ်မှုကြောင့် ဒေသခံများ အထိတ် တလန့်ဖြစ်ပြီးနောက် မီးတောင်ပေါက်ကွဲမှုထပ်ဖြစ်နိုင်သည် ဟု တာဝန်ရှိသူများက ဇွန် ၁ဝ ရက်တွင် သတိပေး ချက်ထုတ်ပြန်ထားသည်။

၂ဝ၁ဝ ပြည့်နှစ်မှစ၍ အသက်ဝင်လှုပ်ရှားသည့် င်းမီးတောင်သည် ဇွန် ၉ ရက်တွင်၉ မိနစ်ကြာ ပေါက်ကွဲကြောင်းနှင့် မီးတောင် မှထွက်လာသည့်ပြာများသည် ကောင်းကင်အထက် ၇ ကီလိုမီတာအထိရောက်ရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်အတွင်း လူအသေအပျောက်မရှိ သော်လည်း မီးတောင်ပေါက်ကွဲမှုထပ်ဖြစ်နိုင် သည်ဟူသော သတိပေးချက်ကြောင့် တာဝန်ရှိ သူများက အဆိုပါမီးတောင်အခြေအနေကို လေ့လာစောင့်ကြည့်နေကြောင်း ထုတ်ပြန် ထားသည်။

င်းမီးတောင်သည်  ညသန်းခေါင်ယံမှ နံနက် ၆ နာရီမတိုင်မီအထိ ပေါက်ကွဲခဲ့ပြီးနောက် အနည်းငယ်ထပ်မံ လှုပ်ခတ်ကြောင်း မီးတောင်လေ့လာစောင့်ကြည့်ရေးဌာနမှ သိပ္ပံပညာရှင်ဝီလီက ပြောသည်။

ဒေသခံများအနေဖြင့် အပြင်ထွက်ရာတွင် နှာခေါင်းစည်းများအသုံးပြုရန်နှင့် ပြာများကျရောက်မှု မရှိစေရေး နေအိမ် တံခါးများကို လုံခြုံစွာပိတ်ထားရန်   တာဝန်ရှိသူများက တိုက်တွန်းထားသည်။

အင်ဒိုနီးရှားနိုင်ငံရှိ မီးတောင်များအနက် တစ်ခုဖြစ်သည့် အဆိုပါဆီနာဘန်းမီးတောင်သည် မီတာ ၂၄၆ဝ အမြင့်ရှိ ကြောင်းနှင့်  ၂ဝ၁ဝ ပြည့်နှစ်တွင် ပေါက်ကွဲမှုမဖြစ်ပွားမီနှစ်ပေါင်း ၄ဝဝ ကျော်ကြာ မီးတောင်သေတစ်ခုဖြစ်ကြောင်း သိရသည်။

Ref: Reuters

Read 17 times Last modified on Tuesday, 11 June 2019 10:37