SJ WorldNews - шаблон joomla Авто

အမေရိကန်၏ ရန်လိုသော မူဝါဒကို ရုပ်သိမ်းရန် မြောက်ကိုရီးယား တောင်းဆို

Wednesday, 12 June 2019 09:45 font size decrease font size decrease font size increase font size increase font size

ဆိုး၊  နိုင်ငံရေး

နိုင်ငံအပေါ်ထားသည့်  အမေရိကန်၏ ရန်လိုသောမူဝါဒကိုရုပ်သိမ်းရန် မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဇွန် ၁၁ ရက်တွင် တောင်းဆိုလိုက်သည်။

အမေရိကန်အစိုးရအနေဖြင့် ထိုမူဝါဒကို ရုပ်သိမ်းခြင်းမရှိပါက စင်ကာပူနိုင်ငံ၌ရရှိသည့် သဘောတူညီချက်မှာ  ပျက်သွား နိုင်ဖွယ်ရှိကြောင်း KCNA သတင်းဌာနကဖော်ပြသည်။ ယခုနှစ်  ဖေဖော်ဝါရီလတွင်ကျင်းပသော မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်တို့၏ ထိပ်သီးဆွေးနွေးပွဲပြီးနောက် ဖြစ်ပေါ်နေသည့် ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနှင့် ပတ်သက်၍ုဃဗြ သတင်းဌာနက မကြာသေးမီကလည်း  အလားတူ တောင်းဆိုထားသည်။

အမေရိကန်၏  မောက်မာပြီးအထက်စီး ဆန်သည့် တစ်ဖက်သတ်မူဝါဒသည်  အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို  တန်ဖိုး ထားသည့် မြောက်ကိုရီးယားအပေါ် အကျိုးသက်ရောက်မှုရှိမည်မဟုတ်သည့်အတွက် အမေရိကန်အနေဖြင့်  ရန်လိုသော မူဝါဒကို ရုပ်သိမ်းရန် အချိန်ရောက်ပြီဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြသည်။

ထို့ပြင် မြောက်ကိုရီးယားနှင့်အမေရိကန် တို့ကြားသာမက  ကိုရီးယား နှစ်နိုင်ငံကြား ဆွေးနွေးမှုများကို မကြာမီပြန်လည် စတင်နိုင် မည်ဟု ယုံကြည်ကြောင်း  တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ဇွန် ၁ဝ ရက်တွင်ပြောသည်။                        

Ref: Reuters

Read 26 times Last modified on Wednesday, 12 June 2019 09:59