SJ WorldNews - шаблон joomla Авто

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းစေရေး ရှေ့ဆောင်လမ်းပြသည့်ဂျပန်နိုင်ငံ

Wednesday, 12 June 2019 10:00 font size decrease font size decrease font size increase font size increase font size

သဘာဝပတ်ဝန်းကျင်

နိုင်ငံအများအပြားသည်  ပလတ်စတစ် အမှိုက်များကို  ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းအဖြစ် ပြန်လည် ထုတ်လုပ်ရန် တိုက် တွန်းမှုများရှိသော်လည်း လက်တွေ့အကောင် အထည်ဖော်မှုမှာနည်းပါးသည်။   ထိုသို့ လက်တွေ့အကောင် အထည် ဖော်သည့် အနည်း ငယ်မျှသောနိုင်ငံများတွင်  ဂျပန်နိုင်ငံလည်းပါဝင်သည်။

ဂျပန်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ် အိုလံပစ် အားကစားပွဲတော်ကို မကြာမီလက်ခံကျင်းပရတော့မည်ဖြစ်သည်။ ထိုပွဲတော် မတိုင်မီ ခရီးသွားများကို  ဆွဲဆောင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများလုပ်ဆောင်ထားသည်။ နောက်ထပ်စိတ်ဝင်စား ဖွယ်ကောင်းသည့် ဆောင်ရွက်မှုတစ်ခုမှာ အားကစားပွဲတော်အတွက်  လိုအပ်သည့် ဆုယူစင်မြင့် များကို ပလတ်စတစ်အမှိုက်များ ဖြင့်ပြုလုပ်ရန်စီစဉ်ခြင်းဖြစ်သည်။

ထိုသို့လုပ်ဆောင်ရခြင်းသည်   ပလတ်စတစ်ကြောင့်ဖြစ်သည့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချနိုင်ရန်  ဆောင် ရွက်မှု ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။  အားကစား ပွဲတော်တစ်ခုလုံးတွင်အသုံးပြုမည့်  ဆုယူစင်မြင့်မှာ အခု ၁ဝဝ ဝန်းကျင်ရှိပြီး  င်းတို့ကိုပြုလုပ်ရန်အတွက်    ပလတ်စတစ်အမှိုက်တန်ချိန် ၄၅ တန်ကို အသုံးပြုရမည် ဖြစ်သည်။

လိုအပ်သော ပလတ်စတစ်အမှိုက်များကို ဒေသခံများ၏လှူဒါန်းမှု သို့မဟုတ် ပင်လယ်အတွင်းမှစုဆောင်းမှုတို့မှတစ်ဆင့် ရယူသွား မည်ဖြစ်သည်။  ဒေသခံများလှူဒါန်းနိုင်ရန်တွက်   ကုန်ပဒေသာတိုက်ကြီးတစ်ခု အတွင်းရှိ  ဈေးဆိုင်ပေါင်း ၂ဝဝဝ ကျော်၏ အပြင်ဘက်၌ အမှိုက်ပုံးများချထားမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် ပြန်လည်အသုံးပြုနိုင် သော ပလတ်စတစ်များကို  ထိုအမှိုက်ပုံးများ အတွင်းထည့်နိုင်မည်ဖြစ်သည်။

တိုကျိုအိုလံပစ်အားကစားပွဲတော်ကိုစီစဉ်သူများသည် ဆုယူစင်မြင့်များကို ပလတ်စတစ် အမှိုက်များဖြင့်ပြုလုပ်ခြင်း သာမက ပေးအပ်မည့် ဆုတံဆိပ်များအတွက်လိုအပ်သော ရွှေ၊ငွေ၊ ကြေးများကိုလည်း ဒေသခံများ၊ စက်ရုံ များနှင့်  စီးပွားရေး လုပ်ငန်းများ၏  စွန့်ပစ် ပစ္စည်းများကိုတောင်းခံပြီး ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုသို့တောင်းခံမှုမှ  ရွှေအ လေးချိန် ၃ဝ ဒသမ ၃ ကီလိုဂရမ်၊ ငွေအလေးချိန် ကီလိုဂရမ် ၄၁ဝဝ နှင့်  ကြေးအလေးချိန် ကီလိုဂရမ် ၂၇ဝဝ တို့ရရှိထားသည်။

အလားတူ အားကစားပွဲတော်တွင်ပါဝင် ယှဉ်ပြိုင်မည့်  ဂျပန်အားကစားသမား များသည်လည်း နိုင်ငံတစ်ဝန်းမှ ရယူ စုဆောင်း ထားသည့်အဝတ်အစားများကို   ပြန်လည်အသုံးပြုချုပ်လုပ်ထားသော တရားဝင်သတ် မှတ်ထားသည့်   ပြိုင်ပွဲဝင် ဝတ်စုံများကိုသာ ဝတ်ဆင်၍ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဂျပန်နိုင်ငံက ယခုကဲ့သို့လုပ်နေရခြင်းသည် ငွေကြေးမတတ်နိုင်၍မဟုတ်ဘဲ  သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေဘဲ ပြန်လည် အသုံးပြုနိုင်သည့်အရာများကို   ပြန်လည် အသုံးချတတ်စေရန်နှင့်  အနာဂတ်မျိုးဆက် သစ်များ  ဘေးအန္တရာယ် ကင်းစွာရပ်တည် နိုင်ရေးအတွက် ရှေ့ဆောင်လမ်းပြအနေဖြင့် လုပ်ဆောင်ပြခြင်းဖြစ်သည်ဟု မှတ်ယူနိုင်သည်။

ထက်မြတ်

Ref: The Straits Times

Read 24 times Last modified on Wednesday, 12 June 2019 10:00