SJ WorldNews - шаблон joomla Авто

ထိုင်းဘုရင်က ပရာယုချန်အိုချာကို ၂၉ ဦးမြောက် ဝန်ကြီးချုပ်အဖြစ်တရားဝင်ခန့်အပ်

Wednesday, 12 June 2019 10:00 font size decrease font size decrease font size increase font size increase font size

ဘန်ကောက်၊ နိုင်ငံရေး

ထိုင်းလွှတ်တော်က လက်ရှိဝန်ကြီးချုပ်  ပရာယုချန်အိုချာကို ဝန်ကြီးချုပ်အသစ်အဖြစ်ရွေးကောက်တင်မြှောက်ပြီးနောက် ဇွန် ၁၁ ရက်တွင် ထိုင်းဘုရင်က ပရာယုချန်အိုချာကို နိုင်ငံ၏ ၂၉ ဦးမြောက်ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ကြောင်း သိရသည်။

အသက် ၆၅ နှစ်ရှိ ပရာယုချန်အိုချာသည် ၂ဝ၁၄ ခုနှစ်မှစ၍ နိုင်ငံကိုဦးဆောင်ခဲ့သူဖြစ် သည်။

ထို့နောက် ယခုနှစ် မတ် ၂၄ ရက်တွင် ရွေးကောက်ပွဲကျင်းပပြီး ဇွန် ၅ ရက်တွင် ပြုလုပ်သည့် လွှတ်တော်နှစ်ရပ်လုံး၏ မဲပေး ရွေးချယ်မှု၌ ပရာယုချန် အိုချာက ထောက်ခံမဲ ၅ဝဝ ရရှိသည်။

ပရာယုချန်အိုချာသည်  ထိုင်းဘုရင်၏ တရားဝင်ခန့်အပ်မှုကိုခံယူပြီးနောက် ထိုင်းနိုင်ငံသားများအတွက် ချစ်ခြင်းမေတ္တာ၊ စည်းလုံး မှုနှင့် စာနာရိုင်းပင်းမှုတို့ကိုအခြေခံ၍ စည်းလုံး ညီညွတ်သောလူမှုအဖွဲ့အစည်းအတွက် ငြိမ်း ချမ်းသာယာသော ပတ်ဝန်းကျင်ကောင်းဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်မည်ဟု ကတိပြုပြောဆိုလိုက်သည်။

ထို့ပြင် ပြည်သူလူထု၏ဆန္ဒကိုလည်း အမြဲတမ်းနားစွင့်၍ ရှေ့တန်းတင်မည်ဖြစ်ပြီး စည်းမျဉ်းခံဘုရင်စနစ်ကိုလည်း  ကာကွယ် စောင့်ရှောက်မည်ဟုကတိပြုသည်။

ထိုင်းလွှတ်တော်နှစ်ရပ်လုံး၏ မဲပေးရွေး ချယ်မှုတွင် င်း၏ပြိုင်ဘက် သာနာသွန်းကျန်ဂိုဂရွန်ကစ်မှာ ထောက်ခံမဲ ၂၄၄ မဲသာရရှိ ကြောင်း သိရသည်။

Ref:The Straits Times

Read 27 times