SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားက မြောက်ကိုရီးယား ငါးဖမ်းလှေကို ကယ်ဆယ်ပြီးပြန်ပို့

Wednesday, 12 June 2019 10:01 font size decrease font size decrease font size increase font size increase font size

ဆိုး၊ သံတမန်ရေး

တောင်ကိုရီးယားရေတပ်သည် ဇွန် ၁၁ ရက်တွင် လူသားချင်းစာနာထောက်ထားမှု အဖြစ် မြောက်ကိုရီးယားငါးဖမ်း လှေတစ်စင်း ကိုကယ်ဆယ်ပြီး  နေရပ်နိုင်ငံသို့ပြန်ပို့ပေး ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ် များရုံး၏ ပြောဆို ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားငါးဖမ်းလှေသည် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်နှစ်နိုင်ငံကြားရေပိုင်နက်အနီးရှိ  တောင်ကိုရီးယား၏အရှေ့ပိုင်းရေပိုင်နက်အတွင်းသို့ မျောပါလာခြင်းဖြစ်သည်။

သင်္ဘောသားခြောက်ဦး လိုက်ပါလာသည့် အဆိုပါ ငါးဖမ်းလှေကို  တောင်ကိုရီးယား ရေတပ်သင်္ဘောတစ်စင်းက တွေ့ ရှိခြင်းဖြစ်သည်။

မြောက်ကိုရီးယားတံငါသည်များက အိမ်ပြန်လိုသည်ဟုပြောကြောင်းနှင့်  မြောက်ကိုရီးယားတာဝန်ရှိသူများကလည်း ထိုတံငါ သည်များကိုကယ်ဆယ်ပြီး ပြန်ပို့ပေးရန် ဆက်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်ကိုရီးယား စစ်ရေယာဉ် တစ်စင်းသည် လူသားချင်း စာနာထောက်ထားမှုနှင့် နှစ်နိုင်ငံကြားချုပ် ဆိုထား သည့် သဘော တူညီချက်အရ ဒေသစံတော်ချိန် ည ၇ နာရီ ၈ မိနစ်တွင် ငါးဖမ်းသင်္ဘောကိုဆွဲပြီး မြောက်ကိုရီးယား ဘက်သို့  ပြန်လည်ပို့ဆောင်ပေးသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် ပြီးခဲ့သည့်နှစ် စက်တင် ဘာလတွင် ပြုလုပ်သည့်   ထိပ်သီးဆွေးနွေးပွဲအတွင်း နယ်စပ်ဒေသအတွင်းရှိ လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်တို့၌ ရန်လိုသော အပြုအမူ များအားလုံးကို   ရပ်တန့်ရန်သဘောတူ လက်မှတ်ထိုးထားကြောင်း သိရသည်။

Ref:Xinhua

............

Read 14 times Last modified on Wednesday, 12 June 2019 10:02