SJ WorldNews - шаблон joomla Авто

အနောက်ဘန်ဂေါ၌ နိုင်ငံရေး ပါတီများကြား အကြမ်းဖက်မှုဖြစ်ပွား သုံးဦးသေဆုံး

Wednesday, 12 June 2019 10:19 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ မှုခင်း

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်၌  ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ပါတီကိုထောက်ခံသူများနှင့် ပြိုင်ဘက်ပါတီကို ထောက်ခံသူ များကြား အကြမ်းဖက်မှုများထပ်မံဖြစ်ပွားရာ လူသုံးဦးသေဆုံးကြောင်း တာဝန်ရှိသူများက ဇွန် ၁၁ ရက်တွင်ပြောသည်။

မိုဒီ၏ BJP ပါတီနှင့် ပြိုင်ဘက် TMC ပါတီတို့သည် ရွေးကောက်ပွဲကျင်းပချိန်မှစ၍ သီတင်းပတ်များစွာကြာ အကြမ်းဖက်မှု များ လုပ်ဆောင်ရန် လှုံ့ဆော်နေသည်ဟု တစ်ပါတီနှင့် တစ်ပါတီ အပြန်ပြန် အလှန်လှန် စွပ်စွဲပြော ဆိုထား သည်။

ဟောင်ရာခရိုင်ရှိ သစ်ပင်တစ်ပင်၌ BJP ပါတီထောက်ခံသူ နှစ်ဦး၏ အလောင်းကို နှစ်ရက်ကျော်ကြာချိတ်ဆွဲထားစဉ် ကာလ ကတ္တားအရှေ့ပိုင်း၌ ဇွန် ၁ဝ ရက်နှောင်းပိုင်း တွင် TMC ပါတီထောက်ခံသူ တစ်ဦးမှာ  ယမ်းထုပ်ဖြင့် ပစ်ပေါက် ခံရမှုကြောင့် သေဆုံး နေကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

Ref: The  Straits Times

Read 38 times Last modified on Wednesday, 12 June 2019 10:20