SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ ချေးငွေ ကိစ္စနှင့်ပတ်သက်၍ အသက်နှစ်နှစ်ရှိ ကလေးအသတ်ခံ ရပြီးနောက် ပဋိပက္ခဖြစ်ပွား

Wednesday, 12 June 2019 10:21 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ မှုခင်း

အိန္ဒိယနိုင်ငံ၌ ချေးငွေကိစ္စနှင့်ပတ်သက်၍ အသက်နှစ်နှစ်ရှိ မိန်းကလေးတစ်ဦး အသတ်ခံရပြီးနောက် ပဋိပက္ခများ ဖြစ်ပွားလာမှုကြောင့် အာဏာပိုင်များက ဇွန် ၁၁ ရက်တွင် နိုင်ငံ မြောက်ပိုင်းမြို့အတွင်း ရဲတပ်ဖွဲ့ဝင် ရာပေါင်း များစွာကို ဖြန့်ကြက် ထားကြောင်းသိရသည်။

အမေရိကန်ဒေါ်လာ ၁၄၄ ဒေါ်လာ  ပြန်မပေးမှုနှင့်ပတ်သက်၍   အဆိုပါဟိန္ဒူကလေးငယ် အသတ်ခံရခြင်းဖြစ်သည်။ ပုံပျက်နေပြီး ဆိုးဝါးစွာဖျက်ဆီးခံထားရသည့် င်း၏ ရုပ်အလောင်းကို အွတ်တာပရာဒေ့ပြည်နယ်  အလီဂါ့ခရိုင်ရှိအမှိုက်ပုံ တစ်ခု၌ စွန့်ပစ်ထား

သည်ကို တာဝန်ရှိသူများက ဇွန် ၉ ရက်တွင် တွေ့ရှိသည်။ ကလေးငယ်သည် ရိုက်နှက်ခံထားရသည့်အပြင် လည်ပင်း ညှစ်ခံရခြင်း နှင့် မျက်စိများဖောက်ထုတ်ခြင်းတို့ကို ခံထား ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ထိုကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍ တက်ပယ်မြို့၌ ကန့်ကွက်ဆန္ဒပြမှုကို ဦးဆောင်သည့် ဟိန္ဒူလက်ယာယိမ်း အဖွဲ့က ပြစ်မှုကျူး လွန်သူများကို သေဒဏ်ချမှတ်ပေးရန် အာဏာပိုင်များကို တောင်းဆိုထားသည်။

ယင်းကဲ့သို့ဆန္ဒပြမှုများဖြစ်ပွားခြင်းကြောင့် ကြိုတင်ကာကွယ်မှုများ  လုပ်ဆောင်သည့်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များကို ယင်းနေရာသို့ စေလွှတ်ထားကြောင်းနှင့် ယခုအခါ အခြေအနေမှာ ပုံမှန်အတိုင်းရှိနေပြီဖြစ်ကြောင်း ခရိုင်တရားသူကြီး  ချန်ဒရာဘူရှန်ဆင်းက  ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက် များတွင် သတင်းအမှားများဖြန့်ဝေနေခြင်းကို ရဲတပ်ဖွဲ့က တားဆီးပိတ်ပင် ထားကြောင်းနှင့် ယင်းကဲ့သို့သတင်းအမှားများဖြန့်ဝေခြင်းသည် လူ့အသိုင်းအဝိုင်းကို ဆူပူမှုဖြစ်စေရန် လှုံ့ဆော် ပေးခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းဌာနတစ်ခုက ထုတ်ပြန်ထားသည်။

Ref: The Straits Times

Read 33 times Last modified on Wednesday, 12 June 2019 10:22