SJ WorldNews - шаблон joomla Авто

တရုတ်နှင့်ကုန်သွယ်ရေး သဘောတူညီချက်ချမှတ်နိုင်မည်ဟု ထရမ့်ယုံကြည်

Wednesday, 12 June 2019 10:22 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ ကုန်သွယ်ရေး

တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကုန် သွယ်ရေးသဘောတူညီချက်ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း   အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုနှင့်ပတ်သက်၍ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ယခုလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် တွေ့ဆုံ ဆွေးနွေးရန် ထရမ့်ကမျှော်လင့်နေပြီး ထိုဆွေးနွေးပွဲ တွင်တိုးတက်မှုမရှိပါက တရုတ်သွင်းကုန်များ အပေါ်  ထပ်ဆောင်း အခွန်ထပ်မံတိုးမြှင့် ကောက်ခံရန်စီစဉ်ထားသည်။  

သို့သော် ထိုဆွေးနွေးပွဲနှင့်ပတ်သက်၍ တရုတ်နိုင်ငံကတရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။ရှီကျင့်ဖျင်နှင့် ဆွေးနွေးပွဲသည် စိတ်ဝင်စား ဖွယ်ကောင်းမည်ဖြစ်ပြီး  ကုန်သွယ်ရေးနှင့် ပတ်သက်၍  မည်သို့ဖြစ်ပွားမည်ကိုစောင့် ကြည့်ရမည်ဖြစ် ကြောင်း၊ င်းအနေဖြင့် ရှီကျင့်ဖျင်နှင့်တွေ့ဆုံရန်  စဉ်းစားနေဆဲဖြစ် ကြောင်း ထရမ့်က  ဇွန် ၁ဝ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကိုပြောသည်။   အမေရိကန်အစိုးရသည် လက်ရှိတွင် ဒေါ်လာဘီလီယံ ၂၅ဝ တန်ဖိုးရှိ တရုတ်သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင် နှုန်းကောက်ခံရန် ဆုံးဖြတ်ထားသည်။

အမေရိကန်နှင့် တရုတ်တို့ကြား ပြီးခဲ့သည့် လတွင် ကုန်သွယ်ရေး အငြင်းပွားမှုကို ဖြေရှင်းရန် ဆွေးနွေးပွဲများ ကျင်းပသော်လည်း ရှေ့မတိုး နောက်မဆုတ်သာအခြေအနေဖြင့် အဆုံးသတ် သွားကြောင်းသိရသည်။

Ref: Reuters

...............

Read 36 times Last modified on Wednesday, 12 June 2019 10:22