SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ လိုက်ချီးသီးမှ တွေ့ရသော ဦးနှောက်ရောင် ရောဂါပိုးကြောင့် ကလေး ၃၁ ဦး သေဆုံး

Thursday, 13 June 2019 10:24 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ ကလေးငယ် ၃၁ ဦးသည် လိုက်ချီးသီး စားပြီးနောက် ထိုအသီးတွင် တွေ့ရသော  ဦးနှောက်ရောင် ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဇွန် ၁၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါကလေးငယ်များသည် လတ်ဆတ်သော လိုက်ချီးခြံများ တည်ရှိရာ ဘီဟာပြည်နယ် မူဇတ်ဖာပါခရိုင်ရှိ ဆေးရုံနှစ်ခု၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးခြင်းဖြစ်သည်။

ကလေးငယ်များ အားလုံးသည် ရုတ်တရက် ဦးနှောက်ရောင်ရောဂါ လက္ခဏာများပြသပြီး အများစုမှာ သွေးထဲ၌ သကြားဓာတ် ဆုံးရှုံးမှု ဝေဒနာခံစားရကြောင်း    ကျန်းမာရေးတာဝန်ရှိသူ   အက်ရှော့ကူမာဆင့်က ပြောသည်။

အလားတူ ရောဂါလက္ခဏာများ ခံစားရသော အခြားကလေးငယ် ၄ဝ ခန့်ကိုလည်း အရေးပေါ်ကုသရေး ဌာနများ၌ ဆေးကုသပေးနေပြီး ၎င်းတို့အနေဖြင့် ကလေးငယ်များကို ကယ်တင်ရန် အကောင်းဆုံး ကြိုးစားနေကြောင်း ရှရီခရစ်ရှနာ ဆေးကောလိပ်နှင့် ဆေးရုံမှ ဆရာဝန်အက်ပီဆင့်က ပြောသည်။

မူဇတ်ဖာပါနှင့် အိမ်နီးချင်း ခရိုင်များ၌  ၁၉၉၅ ခုနှစ်မှစ၍ နှစ်စဉ် နွေရာသီ ကာလအတွင်း ဦးနှောက်ရောင် ရောဂါဖြစ်ပွားလေ့ရှိပြီး အဆိုပါဖြစ်ပွားမှုသည် လိုက်ချီးသီး ပေါ်သော ရာသီနှင့် တိုက်ဆိုင်လေ့ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ ချမ်ကီဘတ်ဟာဟု ခေါ်သော အဆိုပါရောဂါပိုးကြောင့် ၂ဝ၁၄ ခုနှစ်တွင် လူ ၁၅ဝ ခန့် သေဆုံးကြောင်း သိရသည်။ 

Read 15 times Last modified on Thursday, 13 June 2019 10:24