SJ WorldNews - шаблон joomla Авто

စံချိန်တင် အပူလှိုင်းဖြတ်မှုကို အဆိုးဆုံးရင်ဆိုင်နေရသည့်အိန္ဒိယ

Thursday, 13 June 2019 10:25 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံတစ်ဝန်း၌ သမိုင်းတစ်လျှောက် စံချိန်တင် အပူလှိုင်းဖြတ်မှုကို   ကြုံတွေ့နေရသည်။ အပူလှိုင်းဖြတ်မှုကြောင့် သေဆုံးသူ ၃၆ ဦးအထိရှိလာပြီဖြစ်သည်။ လွန်ကဲသည့်အပူချိန်ကို ခါးစည်းခံနေရသူ အများစုမှာ ဆင်းရဲသားများ  ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်တွင် ပြည်နယ် အများအပြား၌ ဖြစ်ပေါ်သည့်   စံချိန်တင် အပူချိန်ထက်  ယခုနှစ်အပူချိန်က  ပိုမိုပြင်းထန်မည်ဟု သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာနမှ တာဝန်ရှိသူများက သတိပေးချက် ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၏မြို့တော်ဖြစ်သော နယူးဒေလီမြို့၌ ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော အပူချိန်မှာ င်းမြို့၏ သမိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး ၄၈ ဒီဂရီစင်တီဂရိတ် ရှိသည်။ နိုင်ငံအနောက်မြောက်ပိုင်း ရာဂျက်စသန်ပြည်နယ်ရှိ ချူးဝူးမြို့၏ အပူချိန်မှာ ၅၁ ဒီဂရီစင်တီဂရိတ် အထိရှိပြီး တစ်နိုင်ငံလုံးတွင် အပူဆုံးမြို့အဖြစ် မှတ်တမ်းဝင်ထားသည်။

၂ဝ၁၅ ခုနှစ်တွင်ဖြစ်ပွားသော အပူလှိုင်းဖြတ်မှုကို ပြည်နယ်ကိုးခုကသာ ခံစားရသော်လည်း ယခုအပူလှိုင်းဖြတ်မှုကိုမူ ပြည်နယ် ၂၃ ခုကခံစားရမည်ဟု နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့မှ မိုးခေါင်ရေရှားမှုနှင့် အပူလှိုင်းဖြတ်မှု ကျွမ်းကျင်ပညာရှင် အာနုကူမားရှရီဗာစတာက ပြောသည်။ အပူလှိုင်းဖြတ်မှုကြောင့် ပြီးခဲ့သည့်နှစ်တွင် ၂၅ ဦးသာ သေဆုံးသော်လည်း ယခုနှစ်တွင် ၃၆ ဦးအထ                                                                                                                 သေဆုံး ထားပြီး သေဆုံးသူ အများစုမှာ ကျေးလက်ဒေသများမှ မြို့ကြီးများသို့ တက်လာကာ အလုပ်အကိုင်ရှာဖွေသည့် ဆင်းရဲသားများနှင့် လမ်းဘေးတွင် နေထိုင်သူများ ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင်   အပူလှိုင်းဖြတ်စဉ် သေဆုံးသူအယောက် ၂ဝဝဝ အထိ စံချိန်တင်ခဲ့သည့် အိန္ဒိယနိုင်ငံသည် နောက်ပိုင်းသုံးနှစ်တွင် တာဝန်ရှိသူများက ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည့်အတွက်  ထိုနှစ်များတွင် အပူလှိုင်းဖြတ်မှုကြောင့် သေဆုံးသူမှာ သိသိသာသာ ကျဆင်းလာသည်။ သို့သော် ယခုနှစ်တွင်မူ တာဝန်ရှိသူများသည် ရွေးကောက်ပွဲနှင့် အလုပ်ရှုပ်နေသောကြောင့် အပူဒဏ်ကာကွယ်ရေး ပညာပေးမှုများကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက်   သေဆုံးသူဦးရေ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် နွေရာသီတွင် ရေရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရသည်မှာ ပုံမှန်ကဲ့သို့ ဖြစ်သော်လည်း ယခုနှစ်မှာမူ နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းတို့၌ အဆိုးရွားဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်   ပြီးခဲ့သည့်နှစ် မိုးရာသီတွင် ထိုဒေသများ၌ပုံမှန်ထက် နည်းပါးသည့် မိုးရွာသွန်းမှုကြောင့် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ အပူလှိုင်းဖြတ်မှုက မတ်လလယ်တွင် စတင်ပြီး မေလလယ်တွင် အဆိုးဝါးဆုံးဖြစ်ကာ ဇွန်လလယ်တွင် ပြီးဆုံးမည်ဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ခန့်မှန်းထားသည်။

ထက်မြတ်

Ref: Reuters

Read 15 times Last modified on Thursday, 13 June 2019 10:26