SJ WorldNews - шаблон joomla Авто

အမေရိကန်၏ အရေးယူပိတ်ဆို့မှု အပေါ် ဂျပန်က ကြားဝင်ဖျန်ဖြေပေးရန် အီရန် တောင်းဆိုမည်

Thursday, 13 June 2019 10:29 font size decrease font size decrease font size increase font size increase font size

အီရန်၏ ရေနံကဏ္ဍအပေါ် ချမှတ်ထားသော အမေရိကန်၏ အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်၍ ကြားဝင်ဖျန်ဖြေပေးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို အီရန်အစိုးရက တောင်းဆိုမည် ဖြစ်ကြောင်း အီရန်တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

ရှင်ဇိုအာဘေး၏ အီရန်နိုင်ငံသို့ အလည်အပတ် ခရီးစဉ်အတွင်း ထိုကဲ့သို့တောင်းဆိုမည် ဖြစ်သည်။ ရှင်ဇိုအာဘေးသည် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး ဖြစ်ပွားချိန်မှစ၍ အီရန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်သည့် ဂျပန်နိုင်ငံမှ ပထမဆုံးသော ခေါင်းဆောင် တစ်ဦးဖြစ်သည်။

အမေရိကန်နှင့် အီရန်တို့အကြား ပဋိပက္ခများ ဖြစ်ပေါ်နေစဉ် ရှင်ဇိုအာဘေးက အီရန်နိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဂျပန်အစိုးရ အနေဖြင့် အီရန်နှင့် အမေရိကန်တို့အကြားရှိ တင်းမာမှုများကို ပြေလျော့စေရန် ကူညီပေးနိုင်ကြောင်း အီရန်တာဝန်ရှိသူ တစ်ဦးက Reuters သတင်းဌာနသို့ ပြောသည်။

အီရန်နိုင်ငံနှင့် ကောင်းမွန်သော သံတမန် ဆက်ဆံရေး ရှိသည့်အပြင် အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် အဆိုပါ နှစ်နိုင်ငံကြား ပြေလည်အောင် ဆောင်ရွက်ပေးမည့် တစ်ဦးတည်းသော ကြားဝင်ဖျန်ဖြေပေးနိုင်သူ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများမှာ ပိုမိုမြင့်တက် လာသည်။ အဆိုပါ အခြေအနေများသည် ၂ဝ၁၅ ခုနှစ်တွင် အီရန်နှင့် ချုပ်ဆိုသော နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်ပြီးနောက်  ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

Read 28 times Last modified on Thursday, 13 June 2019 10:30