SJ WorldNews - шаблон joomla Авто

သမ္မန်စာကို ဂရုမစိုက်သည့် ထရမ့်၏ အကြံပေးများကို တရားစွဲရန် အောက်လွှတ်တော် အတည်ပြု

Thursday, 13 June 2019 11:35 font size decrease font size decrease font size increase font size increase font size

ဒီမိုကရက်တစ်အမတ် အများစုပါဝင်သော အောက်လွှတ်တော်သည်  လွှတ်တော်က ဆင့်ခေါ်သည့် သမ္မန်စာကို ဂရုမစိုက်သော ထရမ့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို တရားစွဲရန် ဇွန် ၁၁ ရက်တွင် မဲခွဲ အတည်ပြုလိုက်ပြီဖြစ်သည်။

ထိုသို့မဲခွဲ အတည်ပြုမှုအရ အောက်လွှတ်တော်ရှိ ကော်မတီများသည်  လွှတ်တော်သို့ လာရောက်ရှင်းလင်းရန် ပျက်ကွက်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများကို ဗဟိုတရားရုံး၌ တရားစွဲဆိုနိုင်မည်ဖြစ်သည်။ယင်းကဲ့သို့တရားစွဲဆို ခံရသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများကို လွှတ်တော်သို့ မဖြစ်မနေသွားရန် တရားသူကြီးများက အမိန့်ချမှတ်ရမည်ဖြစ်သည်။

အောက်လွှတ်တော် အမတ်များက ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ  ၂ဝ၁၆  ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရုရှား၏ ကြားဝင်စွက်ဖက်မှု ရှိသည်ဟူသော အထူးတရားရုံးချုပ်ရှေ့နေ ရောဘတ်မူလာ၏ အစီရင်ခံစာနှင့် ပတ်သက်၍ လာရောက်ရှင်းလင်းရန် အောက်လွှတ်တော် တရားရေး ကော်မတီ၏ သမ္မန်စာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပျက်ကွက်ခြင်းကြောင့်ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားရေး ကော်မတီသည် ရောဘတ်မူလာ၏ မတည်းဖြတ်ရသေးသည့် အစီရင်ခံစာအပြင်  စုံစမ်းစစ်ဆေးမှုမှ ထင်ရှားသည့် သက်သေများ၊ သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် ထွက်ဆိုချက်တို့ကို ရယူ သွားမည်ဖြစ်ကြောင်း သိရသည်။

Read 18 times Last modified on Thursday, 13 June 2019 11:36