SJ WorldNews - шаблон joomla Авто

ညွန့်ပေါင်းအဖွဲ့ကို လက်တုံ့ပြန်သည့်အနေဖြင့် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာသည့် ဟူသီအဖွဲ့

Monday, 17 June 2019 10:36 font size decrease font size decrease font size increase font size increase font size

ဆော်ဒီအာရေဗျဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် ယီမင်ရှိ ဟူသီသူပုန်များက မကြာမီကပင် မောင်းသူမဲ့ လေယာဉ်များ အသုံးပြု၍ ဆော်ဒီလေဆိပ်များအား အဓိက ပစ်မှတ်ထား တိုက်ခိုက်လာသည်ကို တွေ့ရသည်။

ဟူသီသူပုန်အဖွဲ့သည် နောက်ဆုံးအကြိမ် တိုက်ခိုက်မှုအဖြစ် ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက ဆော်ဒီအာရေဗျ နိုင်ငံအတွင်းရှိ ဂျီဇန်နှင့် အာဘာမြို့ကြီးများရှိ လေဆိပ်များကို တိုက်ခိုက်ခဲ့ရာ ဆော်ဒီလက်နက်ကိုင် တပ်များက မောင်းသူမဲ့လေယာဉ်များ ပစ်လွှတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်များကို ကြားမှ ဟန့်တားခဲ့ရသည်။

ယခုတစ်ကြိမ်ပြုလုပ်ခဲ့သည့် ဟူသီသူပုန်များ၏ တိုက်ခိုက်မှုသည် ဇွန် ၁၃ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအပြီး ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းနေ့တွင်လည်း ဟူသီသူပုန်များက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ ၂၆ ဦးဒဏ်ရာ ရရှိသွားသည်။

နောက်ဆုံးအကြိမ် ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း အာဘာမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဒုံးကျည်ထိမှန်ခဲ့သော်လည်း လေဆိပ်အာဏာပိုင်များက လေဆိပ်ကို ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ်ထားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများသည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ် တွေ့ကြုံနေရသည့် ယီမင်နိုင်ငံကို ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်ခြင်း ဖြစ်ပြီး ဆက်လက် တိုက်ခိုက်နေမည် ဆိုပါက ဆော်ဒီအာရေဗျ နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်မည့် အကြိမ်အရေအတွက် ပိုမိုများပြားလာမည် ဖြစ်ပြီး တိုက်ခိုက်မှုမှာလည်း ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဟူသီသူပုန်အဖွဲ့၏ သတိပေးချက် မှန်ကန်လာဖွယ်ရှိသည့် အကြောင်းမှာ အဆိုပါသူပုန်အဖွဲ့သည် ပြီးခဲ့သည့် ရက်များအတွင်း ဆော်ဒီအာရေဗျ တောင်ပိုင်း၌ င်းတို့၏ လက်တုံ့ပြန် တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင် လာသောကြောင့် ဖြစ်သည်။

ဟူသီသူပုန် အဖွဲ့၏ အဓိက ပစ်မှတ်များတွင် ဂျီဇန်၊ နာဂျရန်၊ အာဘာနှင့် ခါမစ်မူရှိတ် စသည့်မြို့ကြီးများ ပါဝင်လျက်ရှိသည်။ ဟူသီသူပုန် အဖွဲ့သည် ပြီးခဲ့သည့်လ အတွင်းကလည်း ဆော်ဒီမြို့တော် ရီယက်ရှိ အဓိက အရေးပါသည့် ရေနံစက်ရုံတစ်ရုံကို မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်။

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် သမ္မတမန်ဆူအာဟာဒီ၏ တောင်းဆိုချက်အရ ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို ၂ဝ၁၅ ခုနှစ်မှစတင်ကာ လေကြောင်းမှ တိုက်ခိုက်လျက်ရှိသည်။

သို့ရာတွင် ညွန့်ပေါင်း အဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အများဆုံး သေဆုံးသူများမှာ အရပ်သားများနှင့် ကလေးသူငယ်များ ဖြစ်သောကြောင့် ယင်းတိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုနှင့် တခြားမဟာမိတ် နိုင်ငံများမှအပ နိုင်ငံတကာ အသိုက်အဝန်းက ညွန့်ပေါင်းအဖွဲ့ကို အပြစ်တင်ထားသည်။

သို့သော် လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် စစ်ဒဏ်ခံယီမင်တွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်လျက်ရှိသည်။

ထို့ကြောင့် ညွန့်ပေါင်းအဖွဲ့အနေဖြင့် င်းတို့၏လေကြောင်းမှ တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက ဆော်ဒီအာရေဗျရှိ လေဆိပ်များနှင့် အရေးပါသည့် အဆောက်အအုံများသည် ဟူသီသူပုန်များ၏ အဓိကပစ်မှတ်များ ထပ်မံဖြစ်လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ Ref: Sputnik, Press TV

Read 49 times Last modified on Monday, 17 June 2019 10:37