SJ WorldNews - шаблон joomla Авто

နျူကလီးယားသဘောတူစာချုပ်ပါကတိများ လိုက်နာမှုကို အီရန်က ထပ်မံလျှောချမည်

Monday, 17 June 2019 10:39 font size decrease font size decrease font size increase font size increase font size

အီရန်အနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ချုပ်ဆိုထားသော နျူကလီးယား သဘောတူ စာချုပ်ပါ ကတိများလိုက်နာမှုကို ထပ်မံလျှော့ချမည်ဖြစ်ပြီး ဇွန် ၁၇ ရက်တွင် တရားဝင် ကြေညာမည်ဖြစ်ဟု asnim သတင်းဌာနက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။

အီရန်၏ အဏုမြူစွမ်းအင် အဖွဲ့သည် အာရက်ရေလေးနျူကလီးယားစက်ရုံ၌ သန့်စင်ယူရေနီယံ ထုတ်လုပ်မှုကို တိုးမြှင့်ကာ သဘောတူစာချုပ်ပါ ကတိများ လျှော့ချမည့် အဆင့်များကို ထုတ်ပြန်မည်ဖြစ်ကြောင်း ယင်းသတင်း ဌာနက ဖော်ပြသည်။

အီရန်အစိုးရ၌ စွန့်လွှတ်ထားသော နျူကလီးယားလက်နက် အစီအစဉ်ရှိသည်ဟု အမေရိကန်နှင့် နိုင်ငံတကာအဏုမြူစွမ်းအင် ဌာနက ယူဆထားသည်။ အီရန်အစိုးရကမူ ငြင်းဆိုထားသည်။

အမေရိကန်အစိုးရက နျူကလီးယား သဘောတူစာချုပ်မှ တစ်ဖက်သတ်နုတ်ထွက်၍ အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ပြီးနောက် မေလတွင် အီရန်က ယင်းစာချုပ်ပါ ကတိအချို့ကို လိုက်နာတော့ခြင်း မရှိကြောင်း သိရသည်။

အကယ်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများ အနေဖြင့် အီရန်အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကို ရက်ပေါင်း ၆ဝ အတွင်းကာကွယ်နိုင်ခြင်း မရှိပါက အီရန်အနေဖြင့် သန့်စင်ယူရေနီယံ ထုတ်လုပ်မှုကို အမြင့်ဆုံး အဆင့်အထိ တိုးမြှင့်မည်ဟုဆိုသည်။

အိုမန်ပင်လယ်ကွေ့၌ လောင်စာဆီတင် သင်္ဘောနှစ်စင်းကို အီရန်က တိုက်ခိုက်သည်ဟု အမေရိကန်က စွပ်စွဲပြီးနောက် ထိုနှစ်နိုင်ငံ ကြားတင်းမာမှုများ မြင့်တက်လာကြောင်း သိရသည်။

Ref: Reuters

Read 33 times Last modified on Monday, 17 June 2019 10:39