SJ WorldNews - шаблон joomla Авто

ဂျပန်ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရပြီး သေနတ်လုယူခံရ

Monday, 17 June 2019 10:39 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံအနောက်ပိုင်း၌ ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် လူတစ်ဦး၏ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခြင်းနှင့် ကျည်ဖြည့်ထားသည့်သေနတ်လုယူခြင်းတို့ကို ခံလိုက်ရကြောင်း NHK သတင်းဌာနက ထုတ်ပြန်သည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်သည် ဆူအီတာမြို့၌ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် ကင်းလှည့်နေစဉ် အသက် ၃ဝ ကျော် အမျိုးသားတစ်ဦး၏ ယခုကဲ့သို့ တိုက်ခိုက်မှုကို ခံရခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုသည် ကြိုတင်ကြံစည်ထားသည့် တိုက်ခိုက်မှုဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က တရားခံကို လိုက်လံရှာဖွေကာ ဒေသခံများအနေဖြင့် သတိထားရန် မီးရထားဘူတာရုံများ၌ သတိပေးချက်များ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်လတွင် တိုကျိုမြို့အနီး၌ ဓားကိုင်အမျိုးသားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ Ref: Reuters

Read 50 times Last modified on Monday, 17 June 2019 10:40