SJ WorldNews - шаблон joomla Авто

ပလတ်စတစ်အမှိုက်လျှောချရေး G 20 အဖွဲ့ဝင် နိုင်ငံများ သဘောတူ

Monday, 17 June 2019 10:40 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံ၌ ကျင်းပသော G 20  ဆွေးနွေးပွဲ၌ ပလတ်စတစ် အမှိုက်များ လျှော့ချရေးနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများက သဘောတူကြောင်း ဒေသတွင်းသတင်းဌာနက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။

G 20 အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ပင်လယ်များသို့ ပလတ်စတစ်အမှိုက်များ စွန့်ပစ်မှုကို လျှော့ချရန် သဘောတူသော်လည်း မည်သို့လုပ်ဆောင်မည်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် အနည်းငယ်ကိုသာ ဖော်ပြထားသည်။

ပလတ်စတစ်အမှိုက်စွန့်ပစ်မှု လျှော့ချရေးကို ဆန္ဒအလျောက်လုပ်ရမည် ဖြစ်ပြီး တိုးတက်မှုကို တစ်နှစ်တစ်ကြိမ် ထုတ်ပြန်မည်ဟု ဒေသတွင်းသတင်းဌာနက ဖော်ပြထားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဟု ဂျပန်အစိုးရက မျှော်လင့်ကြောင်း Yomiuri Shimbun သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

¤င်းတို့အနေဖြင့် နိုင်ငံအားလုံးအတွက် စည်းမျဉ်းများ ချမှတ်နိုင်ခြင်းက ကောင်းမွန်ကြောင်း ဂျပန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ယိုရှီအာကီဟာရာဒါက G 20 အဖွဲ့ဝင်နိုင်ငံများ၏ သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်ဝန်ကြီးများ၏ နှစ်ရက်ကြာ ဆွေးနွေးပွဲပြီးနောက် ပြောသည်။

တရုတ်နှင့်အခြားနိုင်ငံများက ပြည်ပနိုင်ငံများမှ အမှိုက်တင်သွင်းမှုကို တားမြစ်ပြီးနောက် ပလတ်စတစ် ညစ်ညမ်းမှုမှာ ကမ္ဘာကြီးအတွက် စိုးရိမ်ဖွယ်ဖြစ်လာပြီး အကျိုးဆက် အနေဖြင့် ဂျပန်အပါအဝင် နိုင်ငံအများအပြား၌ အမှိုက်များ စုပုံလာကြောင်း သိရသည်။

Ref: The Straits Times

Read 56 times Last modified on Monday, 17 June 2019 10:41