SJ WorldNews - шаблон joomla Авто

ရေရှည်ကုန်သွယ်ရေး စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားသည့်တရုတ်

Monday, 17 June 2019 10:41 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲသည် မကြာခင် တစ်နှစ်ပြည့်တော့မည် ဖြစ်သည်။

ထိုနှစ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများ ဖြစ်သည့်အလျောက် င်းတို့၏ ကုန်သွယ်ရေးစစ်ပွဲက ကမ္ဘာ့စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထိနာစေသည်။

ကုန်လွန်ခဲ့သည့်တစ်နှစ်အတွင်း တရုတ်နှင့် အမေရိကန်တို့က ကုန်သွယ်ရေးစစ်ပွဲ ပြီးဆုံးစေရန် ခေါင်းဆောင် အချင်းချင်း တွေ့ဆုံမှုနှင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဖြင့် ဆွေးနွေးမှုတို့ လုပ်ဆောင်သည်။ သို့သော် သဘောတူညီချက်ရခါနီးမှ တင်းမာမှုများ ပြန်လည်မြင့်တက်သွားသည်။

ထို့ကြောင့် အမေရိကန်အစိုးရသည် ကုန်သွယ်ရေးစစ်ပွဲအတွက် ရေကုန်ရေခန်း တိုက်ပွဲဝင်မည့် တရုတ်ပြည်သူများ၏ ဆန္ဒကိုလျှော့တွက်ကြောင်းနှင့် တရုတ်အစိုးရသည်လည်း ရေရှည်ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း တရုတ်ကွန်မြူနစ် ပါတီကထုတ်ဝေသည့် Qiushiဂျာနယ်၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်စေရန်အတွက် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း အဓိကကျသော အချက်များနှင့် ပတ်သက်၍ လမ်းဖွင့်ပေးမည် မဟုတ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကုန်သွယ်ရေး စစ်ပွဲကို ပိုမိုတင်းမာစေမည့် အမေရိကန်၏ မည်သည့်ဖိအား သို့မဟုတ် ခြိမ်းခြောက်မှုကို မဆိုကြောက်ရွံ့နေမည်မဟုတ်ကြောင်း၊ အစိုးရအတွက် မည်သည့်ရွေးချယ်စရာမျှ မရှိသလို လွတ်မြောက်ရာလမ်းလည်း မရှိသောကြောင့် အဆုံးစွန်အထိ တိုက်ခိုက်သွားရမည်သာ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာဖြစ်သည့် Global Times သတင်းစာကလည်း အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဥာဏမူပိုင်ခွင့်များကို ခိုးယူနေသည်ဟု အမေရိကန်က စွပ်စွဲကာ ကုန်သွယ်ရေးစစ်ပွဲကို စတင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တရုတ်အစိုးရက အမေရိကန်၏ စွပ်စွဲချက်ကို ငြင်းဆိုထားဆဲ ဖြစ်သည်။ အလားတူ ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် ရရှိသည့် သဘောတူညီချက်များကို တရုတ်နိုင်ငံဘက်က ချိုးဖောက်သည်ဟု အမေရိကန် အစိုးရက မေလတွင်စွပ်စွဲပြီးနောက် ကုန်သွယ်ရေးစစ်ပွဲတင်းမာမှုမှာ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။

အမေရိကန်၏စွပ်စွဲချက်များသည် တရုတ်နိုင်ငံ၏ နည်းပညာဖွံဖြိုးတိုးတက်မှုကို ဟန့်တားနှောင့်ယှက်ရန် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု Qiushi ဂျာနယ်၏ဆောင်းပါးတွင် ရေးသားထားသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုး တိုးတက်မှုကို ခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် သုတေသနပြုမှုများကို တိုးမြှင့်ရမည်ဟု အဆိုပါဆောင်းပါးက တိုက်တွန်းထားသည်။

ကုန်သွယ်ရေး စစ်ပွဲကြောင့်ဖြစ်သော စီးပွားရေးဝန်ထုပ်ဝန်ပိုးများသည် မကြာမီ တရုတ်နိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ စီးပွားရေးအကြံပေး လယ်ရီကတ်လိုးက ပြောသည်။ လက်ရှိတွင် အမေရိကန်အစိုးရသညဒေါ်လာဘီလီယံသည် ဒေါ်လာဘီလီယံ ၃၀၀ တန်ဖိုးရှိ တရုတ်သွင်းကုန်များကို ထပ်ဆောင်းအခွန်တိုးမြှင့် ကောက်ခံရန် စဉ်းစားနေသည်။

သို့သော် ယင်းသို့ လုပ်ဆောင်ခြင်းသည် အနည်းငယ်သော အမေရိကန်ပြည်သူများကိုသာ အကျိုးဖြစ်ထွန်းစေကာ အမေရိကန် စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု စရိတ်ကို တိုးမြှင့်စေသည့်အတွက် အမေရိကန် ပြည်သူအများစုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ဟု တရုတ်ကျွမ်းကျင်သူများက အခိုင်အမာပြောထားသည်။

ထက်မြတ်

Ref: Reuters

Read 52 times Last modified on Monday, 17 June 2019 10:41