SJ WorldNews - шаблон joomla Авто

အရှေ့အလယ်ပိုင်း ရေကြောင်းသွားလာရေးတွင် ဘေးအန္တရာယ်ကင်းရှင်းရေး အမေရိကန်လုပ်ဆောင်မည်

Tuesday, 18 June 2019 10:18 font size decrease font size decrease font size increase font size increase font size

အမေရိကန်ပြည်ထောင်စု အနေဖြင့် အီရန်နှင့်စစ်မက်ဖြစ်ပွားခြင်းကို အလိုမရှိသော်လည်း အရှေ့အလယ်ပိုင်း ရေကြောင်းသွားလာရေးတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက်ကို လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောသည်။

အမေရိကန်အစိုးရသည် စစ်မက်ဖြစ်ပွားခြင်းကို ကာကွယ်တားဆီးရန်အတွက် တတ်စွမ်းသမျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားစေမည့် လုပ်ဆောင်ချက်များကို အီရန်ကလုပ်ဆောင်ခြင်း မရှိစေရန် အမေရိကန်က ဆက်လက် တားဆီးသွားမည် ဖြစ်ကြောင်း အီရန်က ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက် သင့်ကြောင်း၊ ထို့ပြင် ရေကြောင်းသွားလာရေး ဘေးကင်းမှု ရှိစေရန်အတွက် သံတမန်ရေး ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပွန်ပီယိုက Fox သတင်းဌာနနှင့် ဇွန် ၁၆ ရက်တွင်ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြောသည်။

အိုမန်ပင်လယ်ကွေ့တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှု၌ အီရန်က နောက်ကွယ်မှ ပါဝင်ခဲ့သည်ဟူသော အမေရိကန်အစိုးရ၏ စွပ်စွဲချက်နှင့် စပ်လျဉ်း၍ အမေရိကန် ထောက်လှမ်းရေး အဖွဲ့များတွင် အထောက်အထားနှင့် အချက်အလက်များ ရရှိထားကြောင်း၊ ၄င်းအထောက်အထားများကို ကမ္ဘာ့နိုင်ငံများက တစ်ချိန်ချိန်တွင် သိရှိလာမည်ဖြစ်ကြောင်း စီအိုင်အေညွှန်ကြားရေးမှူးဟောင်းဖြစ်သူ ပွန်ပီယိုက ဆက်ပြောသည်။

အမေရိကန်အစိုးရ အနေဖြင့် ဟော်မုဇ်ရေလက်ကြားရှိ အရေးပါသည့် ရေကြောင်းသွားလာရေးလမ်းကြောင်းများ ဘေးကင်းရေးအတွက် သံတမန်နည်းလမ်းအပါအဝင် အခြားနည်းလမ်းများကို အသုံးပြုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ သို့သော် အသေးစိတ် အချက်အလက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ ပွန်ပီယိုသည် အိုမန်ပင်လယ်ကွေ့တွင် ဇွန် ၁၃ ရက်က ဖြစ်ပွားသည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆွေးနွေးရန် အခြားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ပြီးခဲ့သည့်ရက်သတ္တပတ် အကုန်ပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုကြောင်း သိရသည်။

Ref: Reuters

Read 47 times Last modified on Tuesday, 18 June 2019 10:19