SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ၌ ငလျင်လှုပ်မှုများကြောင့် သေဆုံးသူ ၁၂ ဦး အထိရှိ

Wednesday, 19 June 2019 09:18 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌ အင်အားပြင်းငလျင်နှစ်ခု လှုပ်မှုကြောင့် ဇွန် ၁၈ ရက်တွင် သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရသူ ၁၂၂ ဦးအထိရှိကြောင်း နိုင်ငံပိုင်သတင်းဌာနတစ်ခုက ထုတ်ပြန်သည်။

ငလျင်လှုပ်မှုများသည် နိုင်ငံအနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်၌ ဇွန် ၁၇ ရက် နှောင်းပိုင်းတွင်ဖြစ်ပွားခြင်း ဖြစ်သည်။ ငလျင်တစ်ခုနှင့်တစ်ခုသည် မိနစ် ၃ဝ ခြား၍ လှုပ်ခြင်းဖြစ်ပြီး အပျက်အစီးများကြား ပိတ်နေသူများကို ကယ်ဆယ်နိုင်ရန် ကယ်ဆယ်ရေး အဖွဲ့များက ကြိုးပမ်းနေကြောင်း သိရသည်။

ပထမငလျင်မှာ ပြင်းအား ၅ ဒသမ ၂ မဂ္ဂနီကျူ့ရှိပြီး ဒုတိယငလျင်မှာ ၅ ဒသမ ၉ မဂ္ဂနီကျူ့ရှိကြောင်း အမေရိကန်ဘူမိလေ့လာရေး အဖွဲ့က ထုတ်ပြန်သည်။ ထိုငလျင်များသည် မြေအောက်အနက် ၁ဝ ကီလိုမီတာ ကိုဗဟိုပြုလှုပ်ခတ်ခြင်းဖြစ်သည်။ ဆီချွမ်ပြည်နယ်၌ ၂ဝဝ၈ ခုနှစ်မေလတွင် အင်အားပြင်း ငလျင်တစ်ခုလှုပ်ရာ လူ ၇ဝဝဝဝ နီးပါး သေဆုံးကြောင်း သိရသည်။ Ref: Reuters

Read 14 times Last modified on Wednesday, 19 June 2019 09:21