SJ WorldNews - шаблон joomla Авто

အမေရိကန်က အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁ဝဝဝ ထပ်မံ စေလွှတ်မည်

Wednesday, 19 June 2019 09:22 font size decrease font size decrease font size increase font size increase font size

အမေရိကန်နှင့်အီရန်တို့ကြား တင်းမာမှုများ မြင့်တက်နေစဉ် ပင်တဂွန်စစ်ဌာနချုပ်က အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁ဝဝဝ ထပ်မံစေလွှတ်ရန်စီစဉ်နေသည်။ မကြာသေးမီက ဖြစ်ပွားသည့် လောင်စာဆီတင် သင်္ဘောနှစ်စင်း တိုက်ခိုက်မှုသည် အလွန်သေးငယ်သည့်ကိစ္စသာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသော်လည်း ပင်တဂွန်ကယခုကဲ့သို့ စီစဉ်နေခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသရှိ ခြိမ်းခြောက်မှုများ အားလုံးကို ရင်ဆိုင်ဖြေရှင်းရန်အတွက် တပ်ဖွဲ့ဝင် ၁ဝဝဝ ခန့်ကို ထပ်မံစေလွှတ်မည် ဖြစ်ကြောင်း ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က ဇွန် ၁၇ ရက် ညနေ ပိုင်းတွင်ပြောသည်။ သို့သော် တပ်ဖွဲ့ဝင်များကို မည်သည့်နေရာသို့ စေလွှတ်မည်နှင့် မည်သည့်တာဝန်များ ထမ်းဆောင်ခိုင်းမည်ကို အတိအကျပြောခြင်း မရှိပေ။

ပြီးခဲ့သည့်သီတင်းပတ်တွင် အိုမန်ပင်လယ်ကွေ့၌ ဖြစ်ပွားသော လောင်စာဆီတင်သင်္ဘော နှစ်စင်းတိုက်ခိုက်ခံရမှုသည် အီရန်၏ လက်ချက်ဖြစ်သည်ဟူသော အမေရိကန်၏ စွပ်စွဲမှုကို အီရန်က ငြင်းဆိုထားသည်။

သို့သော် ခိုင်မာသောထောက်လှမ်းရေး သတင်းအချက်အလက်များအရ ထိုတိုက်ခိုက်မှုကို အီရန်ကလုပ်ခြင်း ဖြစ်သည့်အတွက် နောင်တစ်ချိန်တွင် အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်သည်အထိ ဖြစ်လာနိုင်ကြောင်း ပက်ထရစ်ရှာနာဟန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Ref: Bloomberg

Read 17 times Last modified on Wednesday, 19 June 2019 09:25