SJ WorldNews - шаблон joomla Авто

ဂျပန်နိုင်ငံ၌ သက်ကြီးယာဉ်မောင်းများကြောင့် ယာဉ်တိုက်မှုမဖြစ်စေရန် အရေးပေါ် စီမံချက်များ ထုတ်ပြန်

Wednesday, 19 June 2019 09:25 font size decrease font size decrease font size increase font size increase font size

ဂျပန်အစိုးရသည် သက်ကြီးယာဉ်မောင်းများကြောင့် ယာဉ်တိုက်မှုများမဖြစ်စေရန် အရေးပေါ်စီမံချက်များကို ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ထိုစီမံချက်များတွင် အရေးပေါ်ဘရိတ်အုပ်ခြင်းနှင့် စာသင်ကျောင်းများအနီး ယာဉ်ကင်းမဲ့ဇုန်များထားရှိရေးတို့ ပါဝင်သည်။

စာသင်ကျောင်းသို့ သွားသည့်လမ်းတွင် ကလေးငယ်များ အန္တရာယ် ကင်းရှင်းစေရေးအတွက် စီမံချက်များ ဆောင်ရွက်ရန် အချိန်မဖြုန်းသင့်တော့ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အဆိုပါ အစီအစဉ်ကို အတည်ပြုပြီးနောက် ဝန်ကြီးများကိုပြောသည်။

အဆိုပါအစီအစဉ်အရ တိုကျိုမြို့ရှိ စာသင်ကျောင်းများသို့ သွားသည့်လမ်းများ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ၊ မရှိ စက်တင်ဘာလကုန်တွင် စစ်ဆေးမည်ဖြစ်ပြီး ဘေးအန္တရာယ် ကြုံတွေ့ရမည့် အခြေအနေနှင့် ရင်ဆိုင်ရပါက အရေးပေါ် ရပ်တန့်နိုင်မည့်ယာဉ်များ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၌ အသက် ၈ဝ ကျော်သက်ကြီး ရွယ်အိုလေးဦးတွင် တစ်ဦးက မော်တော်ယာဉ် မောင်းနှင်ကြောင်း ဇွန် ၁၈ ရက်ထုတ်ပြန်သော စာတမ်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၌ သက်ကြီးယာဉ်မောင်းများကြောင့် မော်တော်ယာဉ်များက ကျောင်းသားများကို ဝင်တိုက်မှုအပါအဝင် ယာဉ်မတော်တဆမှုများစွာ ဖြစ်ပွားလျက်ရှိကြောင်း၊ သက်ကြီးယာဉ်မောင်းများသည် အန္တရာယ် ဖြစ်မည့် အနေအထားနှင့် ကြုံတွေ့စဉ် ဘရိတ်အုပ်ရမည့်အစား လီဗာကို မတော်တဆနင်းမိ တတ်ခြင်းကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားရခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံအနောက်ပိုင်း၌ မေလတွင်မော်တော်ယာဉ်တစ်စီးက မူကြိုကျောင်းသား အဖွဲ့တစ်ဖွဲ့ကို ဝင်တိုက်မှုကြောင့် ကလေးနှစ်ဦးသေဆုံးပြီး များစွာ ထိခိုက်ဒဏ်ရာရသည်။ ထို့ပြင် အသက် ၈၇ နှစ်ရှိ အမျိုးသားတစ်ဦးမောင်းနှင်လာသော မော်တော်ယာဉ်ဖြင့် တိုက်မိသည့် သားအမိနှစ်ဦးစလုံး အသက်ဆုံးရှုံးသည်။

Ref: The Straits Times

Read 36 times Last modified on Wednesday, 19 June 2019 09:26