SJ WorldNews - шаблон joomla Авто

ဖွံ့ ဖြိုးပြီး နိုင်ငံများမှ အမှိုက်များ တင်သွင်းခြင်းကို တားမြစ်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ တောင်းဆို

Wednesday, 19 June 2019 09:32 font size decrease font size decrease font size increase font size increase font size

ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများမှ အမှိုက်များတင်သွင်းခြင်းကို တားမြစ်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များက အရှေ့တောင် အာရှနိုင်ငံများကို ဇွန် ၁၈ ရက်တွင် တောင်းဆိုကြောင်း သိရသည်။

ဒေသတွင်းနိုင်ငံများက ယခုသီတင်းပတ်တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များက ယခုကဲ့သို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အသုံးပြုပြီးပစ္စည်းများကို ထပ်မံအသုံးပြုနိုင်ရန် ဆောင်ရွက်ရာတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးဖြစ်သည့် တရုတ်နိုင်ငံက အမှိုက်များ တင်သွင်းခွင့်ကို တားမြစ်လိုက်ပြီးနောက် အရှေ့တောင်အာရှ နိုင်ငံများသည် ဖွံ့ဖြိုးပြီး နိုင်ငံများမှ ပလတ်စတစ်နှင့် အီလက်ထရွန်နစ် အမှိုက်များ တင်သွင်းလာခြင်းကို လက်မခံတော့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် အဖွဲ့ဝင်နိုင်ငံ ၁ဝ နိုင်ငံပါဝင်သော အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များသည် ထိုင်းနိုင်ငံ၌ လေးရက်ကြာ ဆွေးနွေးပွဲကို ဇွန် ၂ဝ ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။

အာဆီယံခေါင်းဆောင် များအနေဖြင့် စွန့်ပစ်ပစ္စည်းကိစ္စကို အဆိုပါ ထိပ်သီးဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးရန်နှင့် ယင်းကိစ္စနှင့်ပတ်သက်၍ တညီတညွတ်တည်းဖြစ်သော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ရန် တောင်းဆို ထားကြောင်း Greenpeace Southeast Asia အဖွဲ့က ပြောသည်ဟု သိရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများမှ ပလတ်စတစ်နှင့် အီလက်ထရွန်နစ်အမှိုက်များ တင်သွင်းနေမှုကို အရေးပေါ်ရပ်တန့်သင့်ကြောင်း ထိုင်းနိုင်ငံဂေဟစနစ်ဆိုင်ရာသတိပေးချက်နှင့် ပြန်လည်အသုံးပြုခြင်း ဖောင်ဒေးရှင်းမှ ညွှန်ကြားရေးမှူး ပန်ချွမ်ဆေထန်က ပြောသည်။

Ref: Reuters

Read 44 times Last modified on Wednesday, 19 June 2019 09:32