SJ WorldNews - шаблон joomla Авто

အရှေ့အလယ်ပိုင်း၌ ပြဿနာ အစမရှာရန် တရုတ်သတိပေး

Wednesday, 19 June 2019 09:32 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့နိုင်ငံများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ ပြဿနာအစ မရှာရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဇွန် ၁၈ ရက်တွင် သတိပေးသည်။

အမေရိကန် အစိုးရအနေဖြင့် အီရန်အရေးတွင် အလွန်အကျွံ ဖိအားမပေးသင့်ကြောင်း၊ ပင်လယ်ကွေ့ဒေသ ပဋိပက္ခအပေါ် တရုတ်အစိုးရက အလွန်စိုးရိမ်ကြောင်း ဝမ်ယီက ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးနှင့် ပေကျင်းမြို့၌ တွေ့ဆုံပြီး နောက်ပြောသည်။

သက်ဆိုင်ရာနိုင်ငံများက တင်းမာမှုများ လျှော့ချရေး လုပ်ဆောင်ရန်နှင့် ထိပ်တိုက် ရင်ဆိုင်မှုသို့ ဦးတည်ခြင်း မပြုရန် ၄င်းက တိုက်တွန်းသည်။

နျူကလီးယား အရေးကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် နျူကလီးယားသဘောတူ စာချုပ်မှ မနုတ်ထွက်ရန် ဝမ်ယီက အီရန်အစိုးရကို တောင်းဆိုသည်။ အလားတူ အီရန်နိုင်ငံ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို အခြားနိုင်ငံများက လေးစားလိုက်နာမည်ဟုမျှော်လင့်ကြောင်း ၄င်းကပြောသည်။

ဇွန် ၁၃ ရက်တွင် အိုမန်ပင်လယ်ကွေ့၌ လောင်စာဆီတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုသည် အီရန်၏ လက်ချက်ဖြစ်သည်ဟု အမေရိကန်အစိုးရက စွပ်စွဲထားပြီး ထိုစွပ်စွဲချက်ကို အီရန်အစိုးရက ငြင်းထားသည်။

Ref: Reuters

Read 29 times Last modified on Wednesday, 19 June 2019 09:33