SJ WorldNews - шаблон joomla Авто

ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကို နှင်ထုတ်မယ့် အမေရိကန်

Wednesday, 19 June 2019 09:33 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံ၌ ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၂ သန်းခန့်ရှိသည်။ အများစုမှာ မက္ကဆီကိုနိုင်ငံနှင့် ဗဟိုအမေရိက ဒေသတို့မှဖြစ်သည်။

ယခု အဆိုပါခိုးဝင်ရွှေ့ပြောင်းနေထိုင်သူသန်း ပေါင်းများစွာကို လာမည့်သီတင်းပတ်မှ စတင်၍ နှင်ထုတ်တော့မည် ဖြစ်သည်။

အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိနေထိုင်နေသော ရွှေ့ပြောင်းဒုက္ခသည်များကို နိုင်ငံအတွင်းမှ မကြာမီနှင်ထုတ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၇ ရက်တွင် ပြောသည်။

အဆိုပါ ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူများကို ၄င်းတို့ အမေရိကန်သို့ ဝင်လာသော နှုန်းအတိုင်း အမြန်ဆုံးနှင်ထုတ်မည် ဖြစ်ကြောင်း နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ကတွစ်တာစာမျက်နှာ၌ ရေးထားသည်။

မက္ကဆီကိုအစိုးရနှင့် အမေရိကန်အစိုးရတို့ကြား ယခုလအစောပိုင်းတွင် သဘောတူညီချက်တစ်ခု ရရှိထားသည်။

ထိုသဘောတူညီချက်တွင် မက္ကဆီကို အစိုးရသည် အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေသည့် ဗဟိုအမေရိကဒေသမှ ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူများကို ခေါ်ဆောင်ပြီး နေရာချထားပေးရန် ပါဝင်သည်။ အဆိုပါ ခိုးဝင်ရွှေ့ပြောင်း နေထိုင်သူများကို အမေရိကန် တရားရုံးများက ကြားနာစစ်ဆေးသည့် အချိန်အထိ မက္ကဆီကိုအစိုးရက ခေါ်ယူထားရမည်ဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံ နယ်စပ်သို့ ဗဟိုအမေရိကဒေသမှ ရွှေ့ပြောင်းနေထိုင်သူများ မရောက်လာစေရေးအတွက် နယ်စပ်ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ဖြန့်ကြက်ရန်လည်း မက္ကဆီကိုအစိုးရက သဘောတူထားသည်။ မက္ကဆီကို အစိုးရအနေဖြင့် ထိုအချက်များကို သဘောမတူပါက အမေရိကန်နိုင်ငံသို့ တင်ပို့နေသော ၄င်းတို့၏ ကုန်ပစ္စည်းများကို ထပ်ဆောင်း အခွန်ကောက်ခံမည်ဟု ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားသောကြောင့် ယခုကဲ့သို့ သဘောတူရခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံမှ နှင်ထုတ်လိုက်သည့် ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူ အများစုကို လက်ခံမည့် လုံခြုံစိတ်ချရမှုရှိသော တတိယနိုင်ငံမှာ ဂွာတီမာလာနိုင်ငံ ဖြစ်သည်။ ဂွာတီမာလာ နိုင်ငံအနေဖြင့် အိမ်နီးချင်း နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံသွားမည်ဟု ယူဆရကြောင်း အမေရိကန် ဒုတိယသမ္မတမိုက်ပန့်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောသည်။

ထို့နောက် ဂွာတီမာလာ နိုင်ငံသည် လုံခြုံစိတ်ချရမှု ရှိသော တတိယနိုင်ငံ သဘောတူညီချက်ကို လက်မှတ်ထိုးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က တွစ်တာတွင် ဆက်လက် ရေးသားထားသည်။

အလားတူ အမေရိကန်သို့ ဦးတည် ထွက်ခွာလာသော ရွှေ့ပြောင်းနေထိုင်သူများကို တားဆီးမည့် မက္ကဆီကိုအစိုးရ၏ လုပ်ဆောင်ချက် မအောင်မြင်ပါက လုံခြုံစိတ်ချရမှုရှိသော တတိယနိုင်ငံဖြစ်လာစေရေးအတွက် သဘောတူ စာချုပ်ချုပ်ဆိုရေးအတွက် ဆွေးနွေးရန် မက္ကဆီကို အစိုးရက သဘောတူထားသည်။

သို့သော် ဂွာတီမာလာနိုင်ငံရှိပြည်သူများ ကိုယ်တိုင် ပဋိပက္ခများကြောင့် ပြေးလွှားနေရသည့်အတွက် အမေရိကန်မှ နှင်ထုတ်လိုက်သော ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူများကို ထိုနိုင်ငံက လုံခြုံစိတ်ချရမှုရှိစွာ လက်ခံထားနိုင်မည်ဟု ယူဆသော အမေရိကန်အစိုးရ၏ အခိုင်အမာပြောဆိုချက်မှာ သဘာဝမကျသော ပြောဆိုချက်ဖြစ်သည်ဟု အမေရိကန်

လူ့အခွင့်အရေး အဖွဲ့ဖြစ်သည့် ''လူ့အခွင့်အရေးသာပထမ''အဖွဲ့က ပြောသည်။

Ref: Reuters

Read 49 times Last modified on Wednesday, 19 June 2019 09:34