SJ WorldNews - шаблон joomla Авто

ခါရှော့ဂျီ အသတ်ခံရမှုနှင့် ဆော်ဒီအိမ်ရှေ့မင်းသား ဆက်နွှယ်မှု ခိုင်မာသည့် သက်သေရှိဟုဆို

Thursday, 20 June 2019 11:49 font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ခုနှစ်တွင်ဖြစ်ပွားသော ဆော်ဒီသတင်းထောက် ဂျမားခါရှော့ဂျီ အသတ်ခံရမှုနှင့် ဆော်ဒီအိမ်ရှေ့မင်းသားတို့ ဆက်နွှယ်နေသည်ဟူသော ခိုင်မာသည့်သက်သေရှိကြောင်း ကုလသမဂ္ဂမှ ကျွမ်းကျင်ပညာရှင် အက်ဂနက် ကာလာမာ့က ဇွန် ၁၉ ရက်တွင် ပြောသည်။

ခါရှော့ဂျီအသတ်ခံရမှုနှင့် ပတ်သက်၍ ဆော်ဒီအိမ်ရှေ့မင်းသား အပါအဝင် ထိပ်တန်းအဆင့် တာဝန်ရှိသူများကို ထပ်မံစုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန်အတွက် ယုံကြည်စိတ်ချရသော သက်သေကို ၄င်းအနေဖြင့် တွေ့ရှိထားကြောင်း အက်ဂနက်ကာလာမာ့က အစီရင်ခံစာတစ်စောင်တွင် ပြောသည်။

ယခုအစီရင်ခံစာ၌ မည်သူ့တွင် အပြစ်ရှိကြောင်း ဖော်ပြခြင်းမဟုတ်ဘဲ မည်သူ့ကို နောက်ထပ်စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ရန်လိုအပ်သည့် ပြည့်စုံသော သက်သေကိုသာ ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအစိုးရသည် ခါရှော့ဂျီအသတ်ခံရမှုနှင့် ပတ်သက်၍ မသိရှိကြောင်း ကနဦးတွင် ပြောသော်လည်း အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဆိုးယုတ်သော ကိုယ်စားလှယ်များအပေါ် အပြစ်တင်ဝေဖန်ထားသည်။ ဆော်ဒီရှေ့နေများသည် အဆိုပါ အမှုတွင် အိမ်ရှေ့မင်းသားကို လွတ်ငြိမ်းခွင့်ပြုကာ လူသတ်မှုနှင့် ဆက်နွှယ်သူအယောက် ၂ဝ ကျော်ကို ဖမ်းဆီးစစ်ဆေးပြီး ငါးဦးကို သေဒဏ်ချမှတ်ထားကြောင်း သိရသည်။

Ref: The Straits Times

Read 19 times Last modified on Thursday, 20 June 2019 11:49